သံသယဖြစ်ဖွယ် စွန့်ပစ်ထားသောကြက်သေ ၁၇ ကောင် လွိုင်ကော်တွင် တွေ့ရှိ

သံသယဖြစ်ဖွယ် စွန့်ပစ်ထားသောကြက်သေ ၁၇ ကောင် လွိုင်ကော်တွင် တွေ့ရှိ
by -
ကန္တရဝတီ
ပုပ်ပွနေသော ကြက်သေ ၁၇ ကောင်ကို လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ်အနီးရှိ အမှိုက်ပုံတွင် စွန်ပစ်ထားကြောင်း သိရသည်။

ပြည်သူ၏ သတင်းပေးချက်အရ အဆိုပါ ကြက်သေကောင်များ စွန့်ပစ်ထားသော နေရာသို့ တာဝန်ရှိသူများမှ သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်တွင် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“လာသတင်းပေးတော့ ကျနော်တို့ ချက်ခြင်းလိုက်သွားတယ်ဗျ။ တိ/မွေးကုက ဒေါက်တာနှစ်ဦးလည်း ခေါ်သွားတယ်။ ခေါ်သွားတော့ သေတာနှစ်ရက်လောက်ရှိနေပြီ ထင်တယ်။ ပုပ်နေဆိုတော့ သူတို့ကလည်း ဘာကြောင့်သေတာလဲဆိုတာ ခွဲခြမ်းစိတ်ဖို့က ခက်နေတယ်လို့ ပြောတယ်။ နှစ်မျိုးပြောတာပေါ့ ကြက်တွေ သယ်ရင်းနဲ့ သေသွားတာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက ရောဂါကြောင့် သေသွားတာလည်း ဖြစ်နိုင်တယ်တဲ့။ နောက်ထပ်ဖြစ်နိုင်ခြေရှိနိုင်တဲ့ ဟာကို အဖြေထပ်ထုတ်ဖို့ ရှိပါတယ်။”ဟု ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

kayyah h1n1

ဆာလာအိတ်ဖြင့် ထုတ်ပိုးကာ အမှိုက်ပုံတွင် စွန့်ပစ်ထားသော အဆိုပါ ကြက်သေကောင် ၁၇ ကောင်မှာ ပုပ်ပွလျှက်ရှိနေခြင်းကြောင့် ရောဂါလက္ခဏာအား ဓါတ်ခွဲရှာဖွေရန် ခက်ခဲသွားကြောင်း ဦးခမ်လျန်စွမ်းက ပြောသည်။

ကြက်အသေကောင်များအား ဓါတ်ဆီဖြင့် မီးရှို့ဖျက်ဆီး ပစ်ခဲ့ကာ သေဆုံးခဲ့သည့် အကြောင်းအရင်း ထပ်မံရှာဖွေဖေါ်ထုတ်ရန် လုပ်ဆောင်သွားရန်လည်း ရှိနေကြောင်း သိရသည်။

 

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...