ဘီပီ ၉ လမ်းကြောင်းသစ် စတင်ရှာဖွေ

ဘီပီ ၉ လမ်းကြောင်းသစ် စတင်ရှာဖွေ
by -
ကန္တရဝတီ
ထိုင်းနိုင်ငံနယ်စပ်နှင့် ကယားပြည်နယ်၊ ရှားတောမြို့ကို ဆက်သွယ်ထားသော တာတမော့(ရှားတော) -ဘီပီ ၉ လမ်းအပိုင်းအတွက် ဇူလိုင်လမှစ၍ လမ်းကြောင်းအသစ်ကို စတင်ရှာဖွေနေကြောင်း ကယားပြည်နယ်၊ ရှားတောမြို့နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။

လက်ရှိအသုံးပြုနေသော လမ်းကြောင်း၏ အစိတ်အပိုင်းနေရာအချို့၌ မိုးရာသီအတွင်း ပျက်စီးနေမှုများကြောင့် တစ်နှစ်ပတ်လုံး သွားလာအသုံးပြုရန်အတွက် လမ်းကြောင်းသစ်အား ရှာဖွေနေခြင်းဟု ရှားတောမြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်ဇော်အောင်က ပြောသည်။

“လောလောဆယ်တော့ စတိုင်းရုံပဲရှိပါသေးတယ်။ အသစ်ဖေါက်ဖို့မဖေါက်ဖို့ကတော့ ကေအဲန်ပီပီနဲ့ ပြည်နယ်အစိုးရတို့ရဲ့ သဘောထားအပေါ်မှာပဲရှိတယ်။ သူတို့နဲ့ပဲ ပိုသက်ဆိုင်လိမ့်မယ်။” ဦးခင်ဇော်အောင်က ပြောသည်။

မူလလမ်းကြောင်း၏ လမ်းအစိတ်အပိုင်းအချို့မှာ အဆင်းအတက်မတ်စောက်ခြင်းနှင့် မိုးရာသီအချိန် ချောင်းရေများကာ ဖြတ်သန်းသွားလာရန် ခက်ခဲနေခြင်းကြောင့် အဆိုပါနေရာများအား ရှောင်ကွင်းဖေါက်လုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

လမ်းကြောင်းရှာဖွေရေးနှင့် ပတ်သက်၍ ကေအဲန်ပီပီမှ လုံခြံုရေးအခြေအနေအရ လိုက်ပါကူညီဆောင်ရွက်နေသော်လည်း လမ်းကြောင်းဖေါက်လုပ်ရေးမှာမူ အတည်မပြုရသေးကြောင်း ကေအဲန်ပီပီဆက်ဆံရေးရုံး(ရှားတော) ဒုတိယဆက်ဆံရေးတာဝန်ခံ ခူးတော်ရယ်က ပြောသည်။

“ကျနော်တို့ ခွင့်ပြုထားတာကတော့ တိုင်းတာခွင့် လမ်းကြောင်းရှာခွင့်ပေါ့နော်။ နောက်တကယ်လို့ အကောင်အထည်ဖော်ဖို့ဆို ပြန်လည်ညှိနှိုင်းဖို့ တိုင်ပင်ဖို့၊ အဲ့ဒီ တာတမောဖက်ဆို ဘီပီ(9)ထိဆိုရင် ကျွန်တော်တို့ လက်ရှိကေအန်ပီပီနဲ့ နိုင်ငံရေး အခြေအနေနဲ့ဆို ဘယ်လိုလာမှာလဲဆိုတော့ အဲ့ဒီကိစ္စက လူကြီးတွေက ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်။”ဟု ဒု-တာဝန်ခံ ခူးတော်ရယ်က ပြောသည်။

အစိုးရမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်လာနေသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေအရ အဆိုပါ လမ်းစီမံကိန်းကို ဖေါက်လုပ်ရန် ဆန္ဒမစောသင့်သေးကြောင်းလည်း ခူးတော်ရယ်က ထပ်မံပြောကြားသည်။

“စောလွန်းတယ် တစ်ဆင့်ပဲရှိသေးတယ် နောက်ပြီး အန်စီအေ(NCA)လည်းမထိုးရသေး ဖြစ်နေတယ်။ ထိုးမယ်ဆိုရင်လည်း ကျွန်တော်တို့က ယူအန်အက်ဖ်စီရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေတယ်။ လမ်းတံတားဖြစ်မြောက်ရေးဆိုရင်တော့ ကျွန်တော်တို့ လုံခြံုရေးတွေ မရသေးဘူးဖြစ်နေတယ်။”ဟု ၎င်းက ပြောသည်။

တာတမော့(ရှားတော)- BP 9 သည် မြေသားလမ်းဖြစ်ကာ လမ်းမိုင် ၂၈ မိုင် ရှိသည်။ လမ်းသစ်ဖေါက်လုပ်မည် ဆိုပါက ရှောင်ကွင်းရမည့်နေရာအချို့ကြောင့် လမ်းမိုင်ထပ်မံ တိုးလာမည့် အခြေအနေရှိနေကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...