ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ ပြည်နယ်လွှတ်တော်အတည်ပြု

ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ ပြည်နယ်လွှတ်တော်အတည်ပြု
by -
ထျိုးမြာ
ကယားပြည်နယ်လွှတ်တော်
ကယားပြည်နယ်လွှတ်တော်
ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေအား ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)က အတည်ပြုခဲ့ကြောင်း သိရသည်။ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)ကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်သို့ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာတင်ပြခြင်း၊ ပြတိုက်နှင့်စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန်အမည်စာရင်းတင်သွင်းခြင်းနှင့် ဆွေးနွေးမည့် နေ့ရက်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အဆိုပါဥပဒေ(မူကြမ်း)အား အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားခြင်းမရှိသဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အစီရင်ခံစာအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့သည်။ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူသည့်အတွက် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာခဲ့သည်။
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...