လုံ/နယ်ဝန်ကြီး(ဟောင်း)အစား အခြားတပ်မတော်သား ကိုယ်စားလှယ် တစ်ဦးပြောင်းလဲခန့်အပ်

လုံ/နယ်ဝန်ကြီး(ဟောင်း)အစား အခြားတပ်မတော်သား ကိုယ်စားလှယ် တစ်ဦးပြောင်းလဲခန့်အပ်
by -
ထျိုးမြာ
တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်မျိုးတင်အစား ပြောင်းလဲတာဝန်ပေးလိုက်သည့် ဗိုလ်ကြီးရွှေတိုးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် ယခင်အစိုးရသက်တမ်းက လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ကိုင်တွယ်ခဲ့သည်။ ယခုမူကာ ၎င်းရာထူးအား အခြားတပ်မတော်သား ကိုယ်စားလှယ်ဖြစ်သော ဗိုလ်မှူးကြီးမြင့်ဝေအား အစားထိုး ခန့်အပ်ထားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် သာမန်တပ်မတော်သားလွှတ်တော်ကိုယ်စားအဖြစ်သာ တာဝန်ယူထားရာက ပြောင်းလဲ ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မေလ(၁၆)ရက်နေ့ ထုတ်ပြန်ချက်အရ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်းအား ဇူလိုင်လ(၂၀)ရက်နေ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် လွှတ်တော်များမှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အမည်စာရင်းတင်သွင်းမှုအရ အစားထိုးပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...
April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...