လမ်း၊ တံတား အဆောက်အဦးများ အရည်အသွေးပြည့်မှီရန် QC(Quality Control)သည် အရေးကြီးဟုဆို

လမ်း၊ တံတား အဆောက်အဦးများ အရည်အသွေးပြည့်မှီရန် QC(Quality Control)သည် အရေးကြီးဟုဆို
by -
ကန္တရဝတီ
လမ်းတံတား အရည်အသွေး စီစစ်ရေးအတွက် QC ( Quality Control )သည် အရေးကြီးပြီး QC သည် ပြည်သူအတွက် အရည်အသွေးပြည့်ဝသော လမ်း၊တံတား အဆောက်အဦးများအဖြစ် အာမခံပေးနိုင်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောကြားလိုက်သည်။

လက်ရှိတွင် ပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊ အဆောက်အဦးများ သွားရောက် စစ်ဆေးရာတွင် အရည်အသွေးတိုင်းတာသော ပစ္စည်းဖြင့် တိုင်းတာခြင်းမရှိပဲ အမြင်ဖြင့်သာ စစ်ဆေးနေခြင်းသည် သဘာဝမကျကြောင်း ဒေါက်တာခင်စည်သူက ပြောသည်။

“Quality Control အတွက်ကို လူရောပစ္စည်းရောက အရည်အချင်းရှိတဲ့ လမ်း၊ တံတား အဆောက်အဦးကို စစ်နိုင်တဲ့လူရယ်၊ စစ်နိုင်တဲ့ ပစ္စည်း နှစ်ခု မပါရင်တော့ မရဘူး။ အခု ကျမတို့ ကြည့်နေတာ ခပ်များများ လူပဲပါတယ်။ ပစ္စည်းမပါဘူး။ ကဲ လူရောပစ္စည်းရော ပါလာတယ်။ ဘယ်လိုပါလဲ။ ခင်မင်မှုနဲ့ ပါတယ်။ ဒါက ဘယ်လိုမှ ကျမတို့ ကောင်းတဲ့ ရလဒ် ရမှာမဟုတ်ဘူး”ဟု ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်းရုံးခွဲတို့၏ ၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေတင်ပြရှင်းလင်းပွဲအပြီး ဒေါက်တာခင်စည်သူမှ ကန္တာရဝတီတိုင်း(မ်)သို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်လွှတ်တော်၏ ရေးရာကော်မတီတစ်ခုဖြစ်သော ပြည်သူ့ငွေစာရင်းစောင့်ကြည့်စိစစ်ရေးကော်မတီအပြင် အခြားကော်မတီများမှလည်း အစိုးရ၏ ဖွ့ံဖြိုးရေးစီမံကိန်းများဖြစ်သော လမ်း၊ တံတား၊ အဆောက်အဦးများကို သွားရောက်စစ်ဆေးနေသော်လည်း စစ်ဆေးရေးကိရိယာများ စုံလင်ခြင်းမရှိကြဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ထောက်ပြသည်။

“အခု ကျမတို့ ကော်မတီတွေ ဘာတွေ ဖွဲ့ထားတာပေါ့နော်။ ငွေစာရင်းတို့ လမ်းစစ်ဖို့ သူတို့ဘာပစ္စည်းနဲ့ စစ်လဲ။ ပေကြိုးနဲ့ တုတ်ထိုးပြီး စစ်ရတာ။ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ သွားစစ်ကြတာပေါ့ လမ်းတံတားတွေကို။ ဘာပစ္စည်းမှ မရှိဘူး တုတ်ထိုးပဲ။ ကျမတို့လည်း ဒီလိုပါပဲ။ ဒီကော်မတီတွေကလည်း တကယ့် Special (အထူး) ယူနစ်လေးတစ်ခု ဖွဲ့တော့လည်း စစ်တော့လည်း ဘာပစ္စည်းမှ မပါဘူး။ ပေကြိုးနဲ့ တုတ်နဲ့ပဲ စစ်တယ်”ဟု ၎င်းက ပြောသည်။

လမ်းများ ရေရှည်ခံနိုင်ရန် Quality Contral(QC) အရည်အသွေးပြည့်မှီစေရန် အုပ်ချုပ်မှု အဖွဲ့အစည်း၊ ဌာနဆိုင်ရာ၊ ပြည်သူများနှင့် Third Party (ကြားနေ) အဖွဲ့များ ပါဝင်ရမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်းရုံးခွဲတို့၏ ၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေတင်ပြချက်တွင် သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...