ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် KBC တွေ့ဆုံ

ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် KBC တွေ့ဆုံ
by -
ကေအဲန်ဂျီ
ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင်များ ယနေ့ နေပြည်တော် NRPC ရုံးမှာ မနက် ၁၀ နာရီတွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံမှုအတွင်း လက်ရှိထိုးစစ်များသည် ငြိမ်းချမ်းရေးအတွက် အနှောက်အယှက်ဖြစ်စေကြောင်း၊ စစ်ပြေး ဒုက္ခသည်များ၏ ရိက္ခာအကူအညီကို အစိုးရမှ ပိတ်ပင်ထားမှု၊ ကချင်လူထု၏မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း စသည့် အကြောင်းများကို ဆွေးနွေးသွားကြောင်း KBC က ပြောထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ‘ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးရန်’ အထူးဖိတ်ခေါ်မှု နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင်ကိုယ်စားလှယ်များ သွားရောက်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုဖြစ်မြောက်ရေးအတွက် ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) မှ ဆရာမဒေါ်ဂျာနန် ကြားဝင်စေ့စပ်ပေးကြောင်းလည်း သိရသည်။

အစိုးရဘက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၆ ဦး နှင့် KBC ဘက် စုစုပေါင်း ၁၂ ဦး တို့ ယနေ့ NRPC ရုံးမှာ အချိန် ၁ နာရီခွဲခန့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...