ဒေါ်အောင်ဆန်းစုကြည်နှင့် KBC နေပြည်တော်မှာ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် KBC နေပြည်တော်မှာ တွေ့ဆုံမည်
by -
ကေအဲန်ဂျီ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြီးဆုံး ကချင်အသင်းတော် KBC ခေါင်းဆောင်များ ယနေ့ဇူလိုင် ၂၄ နေပြည်တော်မှာ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
 
ဒေါ်အောင်ဆန်းစုကြည် ၏ ‘ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန်’ အထူး ဖိတ်ခေါ်မှုအရ သွားရောက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအချိန် ၁ နာရီခွဲခန့် ကြာမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ဆိုပါသည်။
 
တွေ့ဆုံမှု အဆင်ပြေရန်ဆုတောင်း ကူညီကြရန် KBC က မိမိအသင်းတော် ယုံကြည်သူများကို တိုက်တွန်းထားပါသည်။
 
ယခုတွေ့ဆုံမှုတွင် ကချင်အသင်းတော်များတွင် အကြီးဆုံးဖြစ်သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကိုသာ ဖိတ်ခေါ်ခြင်းဖြစ်သည်။
 
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကချင်လူထုတွေ့ဆုံဆွေးနွေးပွဲအြပီး တစ်ပတ်အတွင်းမှာပင် အစိုးရဘက်မှ KBC ကို ယခုလိုတွေ့ဆုံရန် ဖိတ်ခေါ်ခြင်းလည်း ဖြစ်သည်။
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...