မိုးမောက်မြို့ ဗုံးပေါက်ကွဲမှု ပြည်သူ့စစ် ၁ ဦး သေဆုံး

မိုးမောက်မြို့ ဗုံးပေါက်ကွဲမှု ပြည်သူ့စစ် ၁ ဦး သေဆုံး
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မိုးမောက်မြို့မစျေးအနီး ဇူလိုင် ၂၂ ရက်နေ့မနက် ဗုံးတစ်လုံးပြင်းထန်စွာ ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေဆုံးပြီး၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့မနက် ၉ နာရီ ခန့် Alen Kawng ရပ်ကွက် Great လက်ဖက်ရည််ဆိုင်ရှေ့ လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးလဂိုင်နော်ဆန့်၏ ကားနဘေး ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှ ယခုလိုဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများမှသိရသည်။

ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှုးလဂိုင်နော်ဆန့် ဆေးရုံးအရောက်တွင် သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရာ အနီးရှိ ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ထို ၄ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၁ ဦးကို ဗန်းမော်ဆေးရုံ ပို့လိုက်ရကြောင်း ထပ်မံသိရသည်။

ဖြစ်စဉ်မှာ လုပ်ကြံမှုတစ်ခုဖြစ်နိုင်ကြောင်း ဒေသခံများသုံးသပ်ပြောဆိုသည်။ ကျူးလွန်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုချိန်ထိအတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးပါ။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...