လွိုင်ကော်မှ တရားမဝင်သယ်ဆောင်သွားသော သေနတ်များ သာစည်တွင်ဖမ်းမိ

လွိုင်ကော်မှ တရားမဝင်သယ်ဆောင်သွားသော သေနတ်များ သာစည်တွင်ဖမ်းမိ
by -
ကန္တရဝတီ
လွိုင်ကော်မှ တရားမဝင်သယ်ဆောင်သွားသော ထိုင်းနိုင်ငံနှင့် ဂျာမဏီနိုင်ငံလုပ် မောင်းပြန်သေနတ် ၂၂ လက်ကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာသတင်းအရ မူးယစ်တပ်တပ်ဖွဲ့စု ၁၈ မန္တလေးတောင်ပိုင်းအဖွဲ့နှင့် သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ တောင်ကြီး-မီထ္ထီလာကားလမ်းမကျွဲတပ်ဆုံ တို့ဂိတ်အနီးတွင်သတင်းအရစောင့်ဆိုင်းနေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့သွားရန် ရောက်ရှိလာသော ယာဉ်အမှတ်2D/5608 မော်တော်ယာဉ်အား ရပ်တန့်စေပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် မင်္ဂလာရပ်ကွက် ခွာညိုလမ်း အမှတ် ၁၅၇ နေ ကိုနေစိုးထွေးမင်း(ခ)ကိုစိုင်း ၄၄ နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်မြတ်ဆုနှင်း ၄၆ နှစ်တို့မှ မောင်းနှင်လာသော 2D / 5608 TOYOTA CROWN SALOON အနက်ရောင် အိမ်စီးကားကို သက်သေများရှေ့မှောက်တွင် ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်၏ နောက်ခန်းအတွင်းမှ အဖြူရောင်ဆာလာအိပ်အတွင်းမွေ့ယာဖြင့် ပတ်ထားလျှက် သိုဝှက်သယ်ဆောင်လာသော ထိုင်းနိုင်ငံလုပ်ကိုယ်ထည်တွင်HK-3 5.56×45 ထိုင်းစာတမ်းပါစားသားများပါ မောင်းပြန်သေနတ် ၂၀ လက်နှင့်ဂျာမနီနိုင်ငံလုပ်AK-47(၂)လက် ကျည်အိမ်မပါ ထိုင်းနိုင်ငံလုပ်ကျည်အိမ် ၂၀ ခုနှင့်ငွေစက္ကူများ ၈ သိန်းခန့် လက်ကိုင်ဖုံး ၃ လုံးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားမဝင်သယ်ဆောင်လာသောလက်နက်ပစ္စည်းများကို သက်သေများရှေ့မှောက်တွင်ပေးအပ် သိမ်းဆည်းခဲ့သည်။ ထပ်မံစစ်ဆေးချက်အရ လက်နက်များကို နေမင်းစိုးနှင့် ဇနီးဖြစ်သူတို့မှ ကလေးမြို့ တာတန်းရပ်ကွက်နေမောရ(ခ)ကျူရန်ဆန်(၄၅)နှစ်မှ ဝယ်ယူသယ်ဆောင်းခိုင်းသော ပစ္စည်းများဖြစ်ကြောင်းသိရသည်။

ထပ်မံရရှိသော သတင်းအရ လက်နက်များကို ဝယ်ယူသယ်ဆောင်ခိုင်သူဖြစ်သော မောရ(ခ)ကျံုးရန်ဆန်ကို မန္တလေးမြို့ဟိုရှိ တယ်တစ်ခုတွင် ဖမ်းဆီးရရှိခဲ့ကာ
မန္တလေး အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

နေစိုးထွေးမင်း(ခ)ကိုစိုင်းနှင့် ဇနီးဖြစ်သူဒေါ်မြတ်ဆုနှင်း ၊ ၀ယ်ယူသယ်ဆောင်ခိုင်းသူ ကလေးမြို့နေ မောရ(ခ)ကျံုးရန်ဆန်တို့အား သာစည်မြို့နယ်ရဲစခန်းက (ပ)၁၆၇/၂၀၁၇ လက်နက်အက်ဥပဒေပုဒ်မ ၁၉(က)နှင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကန္တာရဝတီတိုင်း(မ်)မှ သာစည်မြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါဖြစ်စဉ်အတိုင်းဟု အတည်ပြုခဲ့သော်လည်း အသေးစိတ်ဖြေကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

လက်နက်အက်ဥပဒေပုဒ်မ ၁၉(က)သည် ၃ နှစ်အထိထောင်ဒဏ်(သို့)ငွေဒဏ်(သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...