လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာအနီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူကို ဖမ်းဆီးရရှိ

လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာအနီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူကို ဖမ်းဆီးရရှိ
by -
ကန္တရဝတီ
၂၀၁၇ခုနှစ်၊ ဇွန်လ ၂၈ရက်နေ့တွင် လွိုင်ကော်-မိုးဗြဲသွားလမ်းပေါ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာဆိုင်းဘုတ်အနီး လွိုင်ကော်-မိုးဗြဲသွားကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါးရှောင်တခင်ပိတ်ဆို့စစ်ဆေးနေစဉ် မိုးဗြဲဘက်မှ လွိုင်ကော်ဘက်သို့ စိုးမင်းရာဇာ(ခ)သွာဟစ် မောင်းနှင်ပြီး နောက်တွင် ထွန်းမင်း(ခ)အကပ်လီ(ခ)ကောင်ရီ လိုက်ပါလာသည့် နံပါတ်မပါ KENBO-125 အမျိုးအစား ခဲ/နက်ကြားရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်အရ နောက်မှလိုက်ပါလာသူ ထွန်းမင်း(ခ)အကပ်လီ(ခ)ကောင်ရီ၏ ယာဘက်လက်အတွင်း ဆုပ်ကိုင်ထားသော အဖြူရောင်ကြွတ်ကြွတ်အိတ်အတွင်းရှိ PLATINUM စာတန်းတံဆိပ်ပါ ကော်ဖီအိတ်ခွံအတွင်းမှ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော wy စာတန်းပါ လိမ္မော်ရောင်ဆေးပြား(၉၅)ပြား၊ အမဲရောင်ပလပ်စတစ်ပိုင်းဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော wy စာတန်းပါ လိမ္မော်ရောင်ဆေးပြား(၉၅)ပြား၊ စုစုပေါင်း(၁၉၀)ပြား အလေးချိန်(၁၇.၁)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း လွိုင်မြို့မရဲစခန်းမှ သိရသည်။

ထိုသို့တွေ့ရှိခဲ့ရာ စစ်ဆေးမေးမြန်းရာ အဆိုပါဆေးပြားများမှာ ၎င်းတို့နှစ်ဦးအတူသုံးစွဲရောင်းချရန် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ လယ်ထွန်ကျေးရွာအနီး ယာတဲဘေးတွင်တွေ့ရှိသူ ကယန်းလူမျိုး အမည်အရင်းမသိ ကိုလောင်ဟု ခေါ်ဆိုသူထံမှ နှစ်ဦးအတူစပ်၍ (၁၁၀၀၀၀)ကျပ်ဖိုး ဝယ်ယူလာသော ဆေးပြားများဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ စိုးမင်းရာဇာ(ခ)သွာဟစ်နှင့် ထွန်းမင်း(ခ)အကပ်လီ(ခ)ကောင်ရီတို့ကို လွိုင်ကော်ရဲစခန်း မယ(ပ)၁၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း လွိုင်ကော်မြို့နယ် မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...