လီဒိုလမ်းမပေါ်ကောင်ရာကျေးရွာသားများ ဖမ်းဆီးနှိပ်စက်ခံနေရ

လီဒိုလမ်းမပေါ်ကောင်ရာကျေးရွာသားများ ဖမ်းဆီးနှိပ်စက်ခံနေရ
by -
ကေအဲန်ဂျီ
လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် စစ်ရှောင်ခြင်းမပြုဘဲ ကျန်ရှိနေသောလီဒိုလမ်းမပေါ် ကောင်ရာကျေးရွာသားများကို မြန်မာ့တပ်မတော်က အပြစ်မဲ့ဖမ်းဆီး ရိုက်နက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ကောင်ရာ (Nawnglung Kawng Ra) ကျေးရွာသည် တနိုင်းမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးပြီး တိုက်ပွဲစဖြစ်လာချိန် တနိုင်းမြို့ပေါ်ရောက်လာသော စစ်ပြေးဒုက္ခသည်များကို အဆိုပါကျေးရွာသို့ရွှေ့ပြောင်းရန်အစိုးရက ညွှန်ကြားခဲ့သောနေရာဖြစ်သည်။ သို့သော်လည်းလက်ရှိကောင်ရာကျေးရွာတွင် အခြေချနေသောမြန်မာ့တပ်မတော်က ကျေးရွာသားများကို ညမထွက်ရအမိန့်ချ မှတ်ထားသည့်အပြင် အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်မှုများရှိနေကြောင်းဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောဆိုလာသည်။ လယ်ယာလုပ်ငန်းလုပ်နေသူများကို မနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီကျော်အတွင်းသာခွင့်ပြုထားပြီး ညနေ ၄ နာရီနောက်ပိုင်းမိမိတို့ အိမ်အပြင်ဘက် တွေ့ရှိသူများကို ဖမ်းဆီးရိုက်နက်ကြောင်း ရင်ဖွင့်လာကြသည်။ မြန်မာ့တပ်မတော်နှင့် အတူ ရှမ်းနီပြည်သူ့စစ်၊ လီဆူပြည်သူ့တို့ ပူးပေါင်းပါဝင်ပြီး ဒေသခံများကိုမသင်္ကာမှုဖြင့် ရံဖန်ရံခါ ခြိမ်းခြောက်မှုရှိနေကြောင်းလည်း အမည် မဖော်လိုသော ဒေသခံများ ပြောလာကြသည်။ ယခုနှစ် လယ်ယာစပါးမစိုက်ပျိုးနိုင်လျှင်လာမည့်နှစ်တွင် အစာခေါင်းပါးသွားမှာကို ဒေသခံများစိုးရိမ်နေကြသည်။ ဇွန်လဆန်းတိုက်ပွဲစတင်ဖြစ်ပွားလာချိန် တနိုင်းမြို့ပေါ်စစ်ရှောင်များကို စစ်မက်ဇုံအတွင်းရှိကောင်ရာကျေးရွာသိို့ ပြောင်းရွှေ့ခိုလှုံရန် အစိုးရတိုက်တွန်း ခဲ့ဖူးသည်။ ဇွန်လ ၅ ရက်နေ့ မနက် တပ်မတော် ၏ လက်နက်ကြီး ကြောင့် ကောင်ရာ ကျေးရွာရှိ မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...