ဖားကန့်ကချင်တိုက်ပွဲ ၆ နှစ်ပြည့် အစီစဉ်ဦးဆောင်သူများ တရားစွဲစီရင်ခံရ

ဖားကန့်ကချင်တိုက်ပွဲ ၆ နှစ်ပြည့် အစီစဉ်ဦးဆောင်သူများ တရားစွဲစီရင်ခံရ
by -
ကေအဲန်ဂျီ
ဇွန် ၉ ရက်နေ့ ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခြင်း ၆ နှစ်ပြည့် ဆုတောင်းပွဲ အစီစဉ်ဖားကန့်တွင် ဦးဆောင်ခဲ့သူ ၃ ဦးကို ‘ငြိမ်းစုစီ’ ပုဒ်မနှင့် အသရေဖျက်မှုပုဒ်မတို့ဖြင့် အစိုးရနှင့် တပ်မေတော်တို့က အသီးသီးတရားစွဲထားသည်။ အစီစဉ်ဦးဆောင်ခဲ့သူ ဖားကန့်ကချင်လူထုအစည်းအရုံး ဥက္ကဌ ဆရာလမောင်လတောင်နှင့် ဒုဥက္ကဌ ဦးလတုန်ဆောင်ဘောမ် တို့ကို ပုဒ်မ ၁၉ ‘ငြိမ်းစုစီ’ ဖြင့် အစိုးရကတရားစွဲပြီး အတွင်းရေးမှုး ဦးဒရှီနော်လောန် ကို တပ်မတော်က ပုဒ်မ ၅၀၀ ‘အသရေဖျက်မှု’ ဖြင့် တရားစွဲသည်။ ရုံးချိန်း ၃ ကြိမ်ဖြင့် ပုဒ်မ ၁၉ နှင့်တရားစွဲခံရသူ ၂ ဦးကို ဖားကန့်မြို့နယ် တရားရုံးကတစ်ဦးလျှင် ငွေဒဏ် ၃ သောင်းစီဖြင့် ယမန်နေ့ ဇူလိုင် ၁၈ ရက်နေ့ တရားစီရင်ပြီး အဆုံးသတ်ခဲ့သည်။ သို့သော်လည်း လက်ကမ်းစာစောင် ဖြန့်ဝေမှုကြောင့် တပ်မတော်မှ ပုဒ်မ ၅၀၀ ဖြင့်တရားစွဲထားသော ဦးဒရှီနော်လောန်၏အမှုကို ယခုလ ၂၈ ရက်နေ့ တတိယ အကြိမ်် ရုံးချိန်းထပ်မံခေါ်ဆိုထားသည်။ လက်ကမ်းစာစောင်ပါ အကြောင်းအရာများကြောင့် တရားစွဲဆိုခံထားရသူက ယခုလိုပြောပြသည်။ “ကျနော်တို့ဝေငှခဲ့တဲ့ လက်ကမ်းစာစောင်မှာ ဒေါ်ဆွမ်းလွတ်ရွယ်ဂျားကို ဗမာစစ်တပ်က အဓမ္မပြုကျင့်သတ်ဖြတ်လိုက်တဲ့ အကြောင်း၊ ပြီးရင် နမ့်ဆန်ယန်က လူနေအိမ်တွေ ဘုရားကျောင်း ဘုန်းကြီးကျောင်းတွေကို တပ်မတော်ကဖျက်စီးပြီး ကချင်အမျိုးသမီး ဘယ်လောက်ကိုသတ်ဖြတ်လိုက်တဲ့ အကြောင်းတွေ ရေးသားထားတယ်လေ။ အဲဒါကို သူတို့ကမကြိုက်လို့ တရားပြန်စွဲတာ” အဆိုပါ လက်ကမ်းစာစောင်ကို မြစ်ကြီးနားမှာလည်း တစ်ချိန်းတည်းဖြန့်ဝေမှု ရှိခဲ့သော်လည်း ပုဒ်မ ၅၀၀ ဖြင့် အရေးယူခံရမှု မရှိခဲ့ပေ။ သို့သော်လည်း အစီစဉ် ဦးဆောင်သူ ကချင်အမျိုးသားအတိုင်ပင်ခံ အဖွဲ့ WMR ဥက္ကဌ ဒူဝါ ခွန်ဆိုင်း၊ အတွင်းရေးမှုး ဦးလဘန်ဂမ်အောင် နှင့် မြစ်ကြီးနား လူထု အစည်းအရုံး တာဝန်ခံ ဦး ဇော်ဂျတ် တို့ကို ပုဒ်မ ၁၉ ဖြင့် တစ်ဦးလျှင် ငွေဒဏ် ၃ သောင်းကျပ်ဖြင့် ဇွန်လ ၁၃ ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...