သုံးလုံးထီ(ချဲထီ) လောင်ကစား ပြုလုပ်နေသည်ကို ဖမ်းမိ

သုံးလုံးထီ(ချဲထီ) လောင်ကစား ပြုလုပ်နေသည်ကို ဖမ်းမိ
by -
ကန္တရဝတီ
ဒီမော့ဆိုမြို့နယ်၊သေးဆူလဲကျေးရွာအုပ်စု၊ကုန်းသာကျေးရွာနေ ဒေါ်နော်ဒေါရာ၏ နေအိမ်တွင် သုံးလုံးထီ(ချဲထီ)လောင်းကစားပြုလုပ်နေ သူများကိုဖမ်းဆီးရမိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က ဒေါ်နော်ဒေါရာ၏နေအိမ်တွင် သုံးလုံးထီ(ချဲထီ)လောင်းကစားပြုလုပ်နေသည်ကို သိရ၍ ဝင်ရောက်ရှာဖွေရာ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကြေးငွေ (၃၆၆၀၀ိ/-)ကျပ် တွေ့ရှိခဲ့သည်။

သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ပတ်သက်၍ ဒေါ်နော်ဒေါရာအား စစ်ဆေးမေးမြန်းရာ ဒီးမော့ဆိုမြို့နယ် ၊ ဒေါဘူးကူးအုပ်စု၊ ဒေါပိတကျေးရွာနေ ဦးဘော်ရယ်ရောင်းချခိုင်းသဖြင့် ၎င်း၏ကျေးရွာတွင်း၌ သုံးလုံးထီ(ချဲထီ)ရောင်းချပြီး ဦးဘော်ရယ်ထံသို့ တဆင့်ပြန်လည်ပေးပို့ရကြောင်း ထွက်ဆိုခဲ့သည်။

ထို့့ကြောင့် နေအိမ်တွင် သုံးလုံးခီရောင်းချသူ ဒေါ်နော်ဒေါရာအား ဒီမော့ဆိုမြို့မရဲစခန်း(ပ)၃၄/၂၀၁၇၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဆက်လက်၍ ၎င်းအိမ်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသော ဦးဘော်ရယ်အား ထပ်မံရှာဖွေရာ လောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ မြန်မာငွေရောရာ (၁၆၆၀၅၀ိ/-)အားတွေရှိခဲ့သဖြင့် ဒိုင်အဖြစ် လက်ခံပြုလုပ်သူ ဦးဘော်ရယ်အား ဒီမော့ဆိုမြို့မရဲစခန်း (ပ)၃၅/၂၀၁၇၊လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် ထပ်မံအမှုဖွင့် အရေးယူ ထားရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...