နမစားရစ်ရွာအား စစ်တပ်မှဝင်ရောက်မီးရိူ့သည့်အပြင် ပြည်သူ ၁၅ ဦးထပ်မနည်း ပစ်သတ်ခံထားရ

နမစားရစ်ရွာအား စစ်တပ်မှဝင်ရောက်မီးရိူ့သည့်အပြင် ပြည်သူ ၁၅ ဦးထပ်မနည်း ပစ်သတ်ခံထားရ

ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နမစားရစ်ရွာသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးများပစ်ခတ်ကာ ဝင်ရောက်လာ၍ လူနေအိမ်များအား မီးရိူ့ဖျက်ဆီးထားသည့်အပြင် ဒေသခံပြည်သူ ၁၅ဦးထက်မနည်း ပစ်သတ်သွားကြောင်း ဒေသသတင်းအရင်းမြစ်နီးစပ်သူများထံမှ သိရသည်။

“တစ်ရွာလုံးနီးပါးရိူ့သွားတယ်လို့သိရတယ်။ ပြီးတော့ ခုနောက်ဆုံးသတင်းရတာတော့ ရွာသားတွေ ၁၅ ယောက်သတ်ခံထားရတယ်လို့လည်းပြန်ကြားရတယ်။ စစ်တပ်က ရွာထဲလက်ကြီးပစ်တော့ ကျည်တွေမှန်ပြီးသေတာ ” လို့ ဒေသရင်းမြစ် နီးစပ်သူတစ်ဦး ကပြောသည်။

ဒေသရင်းမြစ်၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ယင်းနမစားရစ်ကျေးရွာအတွင်း မီးရိူ့ ပြီးနောက် အနီးရှိကျေးရွာဖြစ်သည့် ဇီးဖြူကုန်း‌ကျေးရွာတွင် ယနေ့နံနက်မှစ၍ ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ ယင်းနမရစ်ကျေးရွာမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည့်အတွက် သေဆုံးသူစာရင်း တိတိကျကျ ရယူရန်ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံနီးစပ်သူတစ်ဦးကပြောသည်။

” ခုစစ်တပ်က အဲရွာနားတစ်ဝိုက်မှာရှိသေးတယ် အဲတော့ ရွာထဲကိုကောင်းကောင်းဝင်ရှာလို့က မလွယ်သေးဘူး” ဒေသရင်းမြစ်နီးစပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ် လက်ရှိနမစားရစ်ရွာအပြင် အနီးရှိ‌ကျေးရွာများဖြစ်သည့် ဇီးဖြူကုန်း‌ကျေးရွာနှင့် မြိုလှကျေးရွာများတွင်လည်း ဝင်ရောက်နေပစ်ခတ်မူများပြုလုပ်နေ‌သည့်အတွက် ကျေးရွာ ၃ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

Data For Myanmar ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတစ်နိုင်လုံးတွင် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၃ရက်ထိ မီးရှို့ခံရသည့်အိမ်ခြေပေါင်း ၅၂၃၁ အိမ်ရှိသည့်အနက်စစ်ကိုင်းတိုင်း‌ဒေသကြီးတွင် ၃၁၂၆အိမ် အများဆုံးပါဝင်နေကြောင်း တွေ့ရသည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...