လွှတ်တော်စွမ်းဆောင်ရည်ဆိုင်ရာ ဓလေ့ထုံးစံများအား ကိုယ်စားလှယ်များကို သင်တန်းပို့ချ

လွှတ်တော်စွမ်းဆောင်ရည်ဆိုင်ရာ ဓလေ့ထုံးစံများအား ကိုယ်စားလှယ်များကို သင်တန်းပို့ချ
by -
ကန္တရဝတီ
လွှတ်တော်စွမ်းဆောင်ရည်ဆိုင်ရာ ဓလေ့ထုံးစံများကျင့်သုံးမှုဆိုင်ရာ အသိပညာများ ရရှိလာစေရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်စွမ်းဆောင်ရည်ဆိုင်ရာ ဓလေ့ထုံးစံများကျင့်သုံးခြင်းဆိုင်ရာ အလေ့အထများကို သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၄ ရက်နေ့မှ ရ ရက်အထိ ကယားပြည်နယ်လွှတ်တော်ရေးရောကော်မတီ အစည်းအဝေးခန်းတွင် UNDP (United Nations Development Programme)မှ ကယားပြည်နယ်လွှတ်တော်အတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ပို့ချပေးခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေပေါ့ အွန်လိုင်းကနေလေ့လာလို့ရတယ် ပြီးတော့ အွန်လိုင်မှာ လုပ်ထုံလုပ်နည်းတွေကို အမေးအဖြေလုပ်တာပေါ့လေ အဲ့ဒီမှာ စာမေးပွဲတွေစစ်တာပေါ့လေ ပြီးတော့မှ တစ်ခါတည်း အီးမေးအကောက်ဖွင့်နည်းတွေ ပေးတယ်။” ဟု ဖရူဆိုမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

အဆိုပါသင်တန်းတွင် Mobile Phone ဖြင့် Online သင်ခန်းစာ (E-Learning) များလေ့လာသင်ယူခြင်း၊ Laptop ဖြင့် Online သင်ခန်းစာ (E-Learning) များလေ့လာသင်ယူခြင်း၊Internet E-mail အသုံးပြုနည်းများ ကို လေ့လာသင်ယူခဲ့ကြပြီး ၊ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦး တက်ရောက်ခဲ့ကြသည်

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...