ဗန်းမော်တွင် PDF ကို ထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီး

ဗန်းမော်တွင် PDF ကို ထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ညောင်ပင်ရပ်ကွက်မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးအား စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၂၄ရက်နေ့ ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

" နေပြည်တော်ကနေ စာနဲ့ကိုဝင်ခဲ့လို့ဖမ်းတာတဲ့ အိမ်ကနေလာဖမ်းသွားတာ ဟုတ်တယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူသည် ‌ဒေါ်ပုံ့ပုံ့ဆိုသူဖြစ်ကာ ညောင်ပင်ရပ်ကွက် ငွေလွှဲဝန်ဆောင်မူ လုပ်ကိုင်သူဖြစ်သည့်အပြင် သား(၂) ဦးလည်း ရှိကြောင်း သိရသည်။

လက်ရှိဖမ်းဆီးခံသွားရသည့် အမျိုးသမီးအား ဗန်းမော် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ဗန်းမော်မြို့ရပ်ကွက်များအတွင်း  PDF နဲ့ ဆက်စပ်သည်ဟု ယူဆသူများအား ဝင်ရောက်ဖမ်းဆီးခြင်းများ ပြလုပ်နေပြီး ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရသူ ၄ဦးထက်မနည်း ရှိလာပြီဖြစ်သည်။

ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ လက်ရှိ ဗန်းမော်မြို့အတွင်း ထွက်ပေါ်‌ နေသော သတင်းများအရ စစ်ကောင်စီတပ်သည် ဗန်းမော်တစ်မြို့လုံးရှိ လူဦးရေယောက်ရေအကန့်အသတ်နှင့် ရက်အကန့်အသတ်မရှိ ရှာဖွေဖမ်းဆီးသွားမည်ဟုလည်း ဒေသခံများကပြောသည်။

" ဖမ်းတာတော့ မရပ်ဘူး သူတို့တစ်ခါတစ်လေ အထက်အမိန့်နဲ့ဆိုပြီး လိုက်လိုက်ဖမ်းတာ အဓိကတော့ PDF နဲ့ ဆက်စပ်တဲ့သူ ပြီးတော့ CDM တွေကိုလည်း ပစ်မှတ်ထားဖမ်းတယ် " လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့ ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၃၁၆ ဦးအား လွှတ်ပေးခဲ့သော်လည်း တစ်ဖက်တွင် လူငယ်များအား ဆက်လက်ဖမ်းဆီး သတ်ဖြတ်နေဆဲဖြစ်သည်။

ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...