ပြည်နယ်အတွင်း မြို့ ၈ မြို့၏ မြို့ပြစီမံကိန်းအတွက် ကျပ်သန်း ၅၀၀ လျာထား

ပြည်နယ်အတွင်း မြို့ ၈ မြို့၏ မြို့ပြစီမံကိန်းအတွက် ကျပ်သန်း ၅၀၀ လျာထား
by -
ကန္တာရဝတီ
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ်မည့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် မြို့ပြစီမံကိန်းအတွက် ကျပ်သန်း ၅၀၀ ထားရှိ လျာထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြို့ပြစီမံကိန်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၉ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်မ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် မြို့ပြစီမံကိန်းများအား လွိုင်ကော်မြို့နယ်တွင် ကျပ် ၅၅.၈ သန်း၊ ဒီးမော့ဆိုမြို့နယ်တွင် ကျပ် ၆၈.၆၅၇ သန်း၊ ဖရူဆိုမြို့နယ်တွင် ကျပ် ရ၇ သန်း၊ ရှားတောမြို့နယ်တွင် ကျပ် ရဝ.၂၅ သန်း၊ ဘောလခဲမြို့နယ်အတွက် ကျပ် ၅ဝ သန်း၊ ဖားဆောင်းမြို့နယ်တွင် ကျပ် ၆၅.၇၉၃ သန်း၊ မယ်စဲ့မြို့နယ်တွင် ကျပ် ၆၇ သန်း၊ ရွာသစ်မြို့နယ်တွင် ကျပ် ၄၅.၅ သန်း စုစုပေါင်း ကျပ်သန်း ၅ဝဝ ဖြင့် ဆောင်ရွက်သွားရန် စီစဉ်နေခြင်းဖြစ်သည်။

ကယားပြည်နယ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် မြို့ပြစီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက မြို့ပြစီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...