ကနီနယ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

ကနီနယ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ မုဌောရွာနှင့် နတ်ကြီးရွာမှ  လူနေအိမ် ၄၀ ကျော်အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးလိုက်သည့်အပြင် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မူများ ပြုလုပ်ခဲ့သည့်အတွက် မီးဘေးသင့်ပြည်သူများအပါအဝင် ပြည်သူစုစုပေါင်း ၈၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများမှ သိရသည်။

“စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီးတော့ရေယာဉ်ရှစ်စီးနဲ့ ကနီမြို့ကနေ ချင်းတွင်းမြစ်အတိုင်းကိုဆန် တက်လာတယ် သုံးနာရီလောက်မှာ မုဌောရွာက လူနေအိမ်ဆယ့်တစ် လုံးကိုမီးရှို့တယ် ၂၃ရက်နေ့ မနက်ကိုးနာရီလောက်မှာတော့ နတ်ကြီးရွာက လူနေအိမ် ၃၁ လုံးကို ထပ်ပြီးမီးရှို့သွားပါတယ် သူတို့ကရည်ရွယ်ချက်ရှိရှိနဲ့မီးရှို့သွားတာ" လို့ ဒေသခံတစ်ဦးကပြောသည်။

မီးရှို့ဖျက်စီးခံရသည့်‌နေအိမ်တွေများတွင်  NLDထောက်ခံသည့် နေအိမ်များ အများဆုံးပါဝင်သည့်အပြင်  CDM ဝန်ထမ်းတစ်ဦး၏ နေအိမ်လည်း မွှေနှောက်ရှာဖွေသွားကြောင်း သိရသည်။

ထို့ပြင် စိတ်ဝေဒနာရှင်တစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

လတ်တလောတွင် နေအိမ်မီးရှို့ခံရသည့် ကျေးရွာနှစ်ရွာမှ မီးဘေးသင့်ပြည်သူ ငါးရာဦးထက်မနည်းရှိနေသည့်အပြင် စစ်ကောင်စီတပ်၏ ဖမ်းဆီးပစ်ခတ်မူကြောင့်  ထွက်ပြေးတိမ်းရှောင်နေသူ စုစုပေါင်း ၈၀၀ ကျော်ရှိကာ ၎င်းတို့အတွက်အကူအညီများလိုအပ်နေကြောင်းလည်း သိရသည်။

“အခုကဆောင်းရာသီဆိုတော့ သူတို့အတွက်အနွေးထည်လိုမယ်။နောက်ပြီးတော့ အဝတ်အထည်တွေလို အပ်တယ်။အခက်အခဲတော့ရှိပါတယ် နေအိမ်တွေမီးလောင်သွားတာဆိုတော့ စားဝတ်နေရေးကအစ အကုန် အခက်အခဲရှိတယ်။ အခုကတော့သူတို့အတွက် အဆင်ပြေအောင်ဆိုပြီး ကျွန်တော်တို့ဘက်က လည်း ကြိုးစားပေးနေတယ် အခက်အခဲကတော့ရှိတယ်”ဟု အကူအညီပေးနေသည့် လူငယ်တစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်းမှစတင်ကာ ကနီမြို့နယ်အတွင်း၌ လူနေအိမ်မီးရှို့မှုဖြစ်စဉ်မှာ ယခုတစ်ကြိမ်အပါအဝင် စုစုပေါင်း ရှစ်ကြိမ်မြောက်ရှိပြီဖြစ်ပြီးဖြစ်ကြောင်းသိရသည်။

စစ်ကိုင်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်သည် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မူများ ပြုလုပ်လျှက်ရှိနေဆဲဖြစ်သည်။

ယင်းကဲ့သို့ တိုက်ပွဲများကြောင့်သော်လည်းကောင်း ၊စစ်ကောင်စီတပ်များ၏ ဖမ်းဆီးသတ်ဖြတ်မူများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင် သောင်းဂဏန်းထိ ရှိလာပြီဖြစ်သော်လည်း မြို့နယ်အချို့တွင် စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ၏ စာရင်း တိတိကောက်ယူရန် ခက်ခဲနေဆဲဖြစ်သည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...