မြစ်ကြီးနားအပေါင်ဆိုင်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး ၈ ဦးထက်မနည်းဖမ်းဆီးသွား

မြစ်ကြီးနားအပေါင်ဆိုင်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး ၈ ဦးထက်မနည်းဖမ်းဆီးသွား

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ အပေါင်ဆိုင်တစ်ခုကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်ဖောက်ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကာ လူ ၈ ဦးထက်မနည်း ဖမ်းဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ် စစ်အင်အား ၅၀ ဝန်းကျင်ခန့်က ရွှေလမ်းမကြီးပေါ်ရှိ လီမြင့်အမည်ရှိ အပေါင်ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ် အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့ပြီး အပေါင်ဆိုင်ရှင်များနှင့် ဆိုင်ခန်းဌာရမ်းထားပေးသော အိမ်ရှင်များကိုလည်း ဖမ်းဆီးသွားသည်ဟု ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင်သက်သေ မြစ်ကြီးနားဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။

“အပေါင်ဆိုင်မှာ အမျိုးသားတစ်ဦးက သိန်း ၂၀ နဲ့ ဆွဲကြိုးအတုလာပေါင်သွားတယ်။ အပေါင်လက်ခံတဲ့ ဆိုင်ရှင်အမျိုးသားက မျက်စိသိပ်မကောင်းတော့ ငွေထုတ်ပေးလိုက်တယ်လို့သိရတယ်။ နောက်ဆွဲကြိုးက အတုမှန်းသိလိုက်ရတော့ ဆိုင်ရှင်ဘက်ကနေ မကျေနပ်လို့ ဖြေရှင်ပေးဖို့ KIA ဘက်ကို တိုင်ထားတယ်လို့ကြားတယ်။ အဲ့ဒါကို ဆွဲကြိုးအတုလာပေါင်တဲ့ အမျိုးသားက တဖန် စစ်ကောင်စီ စစ်တပ်ဘက်ကို ပြန်တိုင်လိုက်လို့ အခုလိုဖြစ်သွားတယ်လို့ သိရတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က အပေါင်ဆိုင်အတွင်း သေနတ်ပစ်ဖောက်မှုကြောင့် အပေါင်ဆိုင်အတွင်းရှိနေသော စျေးအရောင်းအကူ ဝန်ထမ်းအမျိုးသား တစ်ဦး၏ ခြေထောက်တစ်ဖက်သေနတ်ဒဏ်ရာထိမှန်ခဲ့ပြီး အပေါင်ဆိုင်၏ ဆိုင်ရှင်ဖြစ်သူမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း ဆက်လက်သိရသည်။

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...