လွိုင်ကော်"သီရိ"ရုပ်ရှင်ရုံဟောင်းနေရာတွင် ခေတ်မီရုပ်ရှင်ရုံနှင့် Community Centre တည်ဆောက်ရန်လျာထား

လွိုင်ကော်"သီရိ"ရုပ်ရှင်ရုံဟောင်းနေရာတွင် ခေတ်မီရုပ်ရှင်ရုံနှင့် Community Centre တည်ဆောက်ရန်လျာထား
by -
ကန္တရဝတီ
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ သီရိရုပ်ရှင်ရုံမြေနေရာတွင် ခေတ်မီအဆင့်မြင့်ရုပ်ရှင်ရုံနှင့် လူမှုဗဟိုပြုဌာန( Community Centre)ကို ပြန်လည်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

သီရိရုပ်ရှင်ရုံ၌ ရုပ်ရှင်ပြသခြင်းကို အတန်ကြာရပ်နားထားခဲ့ပြီး ယခုအခါ အဆိိုပါ ရုပ်ရှင်ရုံကို ဖျက်ပြီး ရှောပင်မောနှင့်အတူ တပါတည်း ယှဉ်တွဲလျှက် တည်ဆောက်ရန် စီစဉ်နေသည်ဟု ကယားပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစန်းနွယ်က ပြောသည်။

“လွိုင်ကော်မြို့ သီရိရုပ်ရှင်ရုံကတော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ပိုင်တဲ့ ရုပ်ရှင်ရုံပေါ့ အခုတော့ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် ပြန်ပေးပြီးတော့မှ ခေတ်မီ အဆောက်အဦးတည်ဆောက်ဖို့ ကနဦး ညှိနှိုင်းဆွေးနွေးနေတယ်။”ဟု ဦးစန်းနွယ်က ပြောသည်။

အဆိုပါ ၂၀၁၅-၁၆နှင့်၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သီရိရုပ်ရှင်ရုံကို ပုဂ္ဂလိကလုပ်ငန်းရှင်အား ငှားရမ်းထားခဲ့ပြီး ယခု ဘဏ္ဍရေးနှစ် အစိုးရထံသို့ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ကာ ယင်းမြေနေရာ၌ ခေတ်မီအဆောက်အအုံကိုတည်ဆောက်ပြီး အဆင့်မြင့်ရုပ်ရုံနှင့် လူမှုဗဟိုပြုဌာန( Community Centre)ပါဝင်စေလျှက် တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။

တည်ဆောက်ရေးအစီအစဉ်ကို ပြည်နယ်အစိုးရမှ တာဝန်ယူမည်ဖြစ်ပြီး အကျိုးတူလုပ်ငန်း BOT စနစ်ဖြင့် လုပ်ကိုင်ရန် အဆိုပြုဆွေးနွေးခဲ့ပြီး တည်ဆောက်ရေး အသေးစိတ်အစီအစဉ်ကိုမူ အတည်မပြုရသေးကြောင်း သိရသည်။

ဇွန်လ ၂၆ ရက်နေ့က ကယားပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ သီရိရုပ်ရှင်ရုံဟောင်းနေရာတွင် အဆင့်မြင့်ရုပ်ရုံနှင့် လူမှုဗဟိုပြုဌာန( Community Centre)နှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည််ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့််မှ ပြည်သူ့စာကြည့်တိုက်များ အသက်ဝင် ရှင်သန်ရေး၊ ရေရှည်မျှော်မှန်းချက်ဖြစ်သည့် ရပ်ရွာ အခြေပြုလူထု၏ Community Centre များဖြစ်စေရေး၊ နယ်မြေဒေသအလိုက် တည်ရှိနေသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများကို တတ်စွမ်းသ၍ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး၊ မျိုးဆက်သစ် လူငယ်များအတွက် စာဖတ်သည့် အလေ့အကျင့်ရရှိစေရေး အတွက် ကလေးစာဖတ်ခန်းများကို ယခုထက် ပိုမိုစိတ်ဝင်စား ဖွယ်ဖြစ်အောင် တိုးချဲ့ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...