ကသာနယ်၊ အင်းရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရ

ကသာနယ်၊ အင်းရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်၊ အင်းရွာ ကျေးရွာမှ ဒေသခံများ ယမန်ညမှစကာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသခံများမှ သိရသည်။

စစ်ကောင်စီတပ်သည် အင်းရွာကျေးရွာဒေသခံပြည်သူများအား PDF တပ်ဖွဲ့ဝင်များအား ထမင်းချက်ကျွေးသည်ဟုဆိုကာ ရွာအတွင်း စစ်ဆေးမေးမြန်း သောင်းကျန်းခဲ့သည့်အတွက် ယမန်ညမှစကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးကခုလိုပြောသည်။

" ဟိုနေ့က ရွာသားတွေက PDF တွေကို ထမင်းချက်ကျွေးလို့တဲ့ စစ်ကောင်စီက ရွာထဲသေနတ်ဖောက်သောင်းကျန်းတာ ဥက္ကဌအိမ်လည်း မီးရှို့ခံလိုက်ရပြီ ခုရွာသားတွေလည်း ရွာလုံးကျွတ်ထွက်ပြေးနေရတယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ စစ်ကောင်စီတပ်သည် အင်းရွာကျေးရွာ တပ်စွဲနေထိုင်ရာမှ ယနေ့နံနက် ထွက်ခွာသွားသော်လည်း ဒေသခံများအနေဖြင့် သွားရောက်နေထိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် ဇန်နဝါရီလည ၈နာရီဝန်းကျင် နာရီအချိန်ခန့်အင်းရွာကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ကင်းလှည့်လာချိန်တွင် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (ပကဖ)များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဒေသရင်းမြစ်မှ သိရသည်။

စစ်ကိုင်းတိုင်း၊ကသာမြို့နယ်တစ်လျှာက် ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်လာသည့်အပြင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ပစ်ခတ်မူ လုပ်ဆောင်လာသည်မှာ ၄ကြိမ်ခန့်ရှိလာပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာရွာဦးရှိ လောကသရဖူ ဘုရားကုန်းတွင်တည်ထား ကိုးကွယ်သော စေတီတော်နှင့် အာရုံခံတန်ဆောင်း အပါအဝင် အနီးနားရှိနေရာများတွင် လယဂျက်လေယာဥ်ဖြင့် စက်သေနတ်ပစ်ပြီး ဗုံး( ၂ )လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသရင်းမြစ်ဖော်ပြချက်အရ သိရသည်။

ယင်းကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စေတီတော်ကြီးနှင့်အရံစေတီ၁ဆူအားထိမှန်ပြီး ဘုရားအရံတံတိုင်းနှင့်အာရုံခံအမိုးသွပ်များပေါက်ပြဲခဲ့ကာ ဇရစ်ခူးပြန်လာသူ ဦးနတောင်(၅၀)နှစ်မှာ နှဖူးထိမှန်ပြီး ဘုရားရင်ပြင်တွင်ဆော့ကစားနေသည့် အသက် (၈)နှစ်အရွယ်မောင်ကျော်ဝေမိုးသည် ကျောကုန်းတွင်ဗုံးစထိမှန်ခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်အတွင်း ဒေသခဲကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲပိုမိုပြင်းထန်လာဆဲဖြစ်သည်။

April 2, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ်...
ကသာမြို့နယ်အတွင်းမြင်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ Photo - Crd
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို...
March 28, 2026
ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ...
March 27, 2026
စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း)...