မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်နေရ

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာမှာ ယနေ့ မွန်းလွဲပိုင်းမှစတင်ပြီး ညနေ မိုးချုပ်ခါနီးအထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

"ညနေ ၁ နာရီခန့်ကစ ဖြစ်တာ။ စစ်ကောင်စီက လွယ်ဆာရွာမှာ ရှိနေတဲ့ အချိန် ကိုးကန့်တွေ ထွက်လာတာနဲ့ ပက်ပင်း တိုးပြီး ထိတွေ့ တိုက်ပွဲ ဖြစ်သွားတယ်။ ကြောက်လို့ ခုထိ တုန်နေတယ်။" လို့ ထွက်ပြေး တိမ်းရှောင်လာသူ ၁ ဦးက ပြောပါတယ်။

ထို့အပြင် တိုက်ပွဲကြား အိမ်တစ်အိမ်တွင် စစ်ကောင်စီက ပြည်သူ ၄ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ပိတ်မိတာတော့ မသိဘူး။ သူတို့ ဖမ်းချုပ်ထားတဲ့ ပြည်သူ ၄ ဦး၊ လုံးဝ မလှုပ် ခိုင်းပဲ စစ်ဆေးနေတယ် သိရတယ်။ အဲထဲမှာ ကျနော့် ဦးလေးလည်း ပါတယ်။ အမျိုးသား ၃ ဦး၊ အိမ်ထောင်သည် အမျိုးသမီ ၁ ဦးပါတယ်။" လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လွယ်ဆာရွာ အထက်ဘက်က နောင်ဟဲန်ရွာ ဘက်မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေအားလုံး ဝိန်းဆိုင်ဘက် ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လွယ်ဆာကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး လွယ်ဆာရွာနဲ့ နောင်ဟဲန့်ရွာကြားက တကောင်းပါတွင် ကိုးကန့် MNDAA တပ်ရှိနေသောကြောင့် အချင်းချင်း စောင့်ကြည့်နေသော အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...