( ၇၄) ကြိမ်‌မြောက် ကချင်ပြည်နယ်နေ့တွင် ကချင်နေအိမ်များ အမျိုးသားအလံလွှင့်တင်

( ၇၄) ကြိမ်‌မြောက် ကချင်ပြည်နယ်နေ့တွင် ကချင်နေအိမ်များ အမျိုးသားအလံလွှင့်တင်

ဇန်နဝါရီလ ၁၀ရက်နေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားတို့၏ တချို့နေအိမ်များတွင် ကချင်အမျိုးသားအလံလွှင့်တင် ဂုဏ်ပြုခဲ့ကြကြောင်း မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

"ကချင်ပြည်နယ်နေ့ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ အိမ်မှာအလံထောင်ထားရတာပါ။ အိမ်ကကလေးအငယ်တွေ ဘာလို့ဒီနေ့မှ အလံထောင်တာလဲလို့မေးရင် ပြောပြလို့ရတယ်။ မိဘအနေနဲ့ သိသလောက်ပြောပြဖြစ်တယ်။" လို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် မနက် ၆ နာရီမှစကာ ကချင်အမျိုးသားအလံကို လွှင့်ထူခဲ့ကြပြီး မိသားစုတွေအလိုက် စည်းဝေးဆုတောင်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။

ထို့ပြင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား ယခင် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါအခြေနေကြောင့် မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ကချင်ပြည်နယ်အစိုးရရုံးတွင်သာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ကြသည်။

အလားတူ (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်သည်လည်း မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ WMR (ကချင်အမျိုးသားအတိုင်ပင်ခံရုံး) တွင် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ရကြောင်း ဆုတောင်းပွဲ ဦးဆောင်သူ တစ်ဦးက ခုလိုပြောသည်။

“ကျနော်တို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ကနေပြီး ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲလုပ်တယ်။ အရင်နှစ်တွေအတိုင်းပဲ Kachin State Day ကို ကြိုဆိုတဲ့အနေနဲ့ အိမ်တိုင်း ကချင်အလံကို လွှင့်ထူပြီး ကြိုဆိုကြတယ်ပေါ့။ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့လဲ ကိုယ်အဆင်ပြေသလို ဆုတောင်းချီးမွမ်းပွဲလုပ်လို့ရအောင် ရည်ရွယ်တာပေါ့။” ဟု KNG ကချင်သတင်းဌာနကို ဆက်ဆိုထားပါသည်။

အလားတူ ယခုနှစ်တွင် ဝိုင်းမော်မြို့ ၊ဖားကန့်မြို့နှင့် ဗန်းမော်မြို့တွင်လည်း နေအိမ်အချို့တွင် ကချင်အမျိုးသားအလံ စိုက်ထူခြင်းအစီစဉ်ကိုပြုလုပ်ခဲ့ကြသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...