ထီးချိုင့် PDF ဆင့်ပွားသင်တန်းဆင်း

ထီးချိုင့် PDF ဆင့်ပွားသင်တန်းဆင်း

တပါတ်ကြာ PDF ဆင့်ပွား သင်တန်း ဇန္နဝါ ရီလ ၂ ရက်နေ့တွင် ပြီးဆုံးခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူများက ပြောသည်။

စစ်ကိုင်းဒေသကြီး၊ ထီးချိုုင့်မြို့နယ်၊ ဆင်ဖြူဆိပ်ကျေးရွာတွင် တစ်ပတ်အကြာ ပို့ချခဲ့သည့် အဆိုပါ သင်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လေ့ကျင့်ပေးထားသည့် PDF များက ဆင့်ပွားပို့ချပေးခဲ့ခြင်း ဖြစ်သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

”သွေးသစ်လောင်းတဲ့ သဘောမျိုး အကျဉ်းလေးလောက်ပဲ လုပ်တာ။ အဲ့ဒီလောက် လူငယ်တွေ  စိတ်ဝင်စားမယ် ထင်မထားဘူး။ လောလောဆယ်တော့ ပကဖ (PDF) စစ်စစ်ကြီးတွေတော့ မဟုတ်သေးဘူးပေါ့။ သွေးသစ် အရံ အင်အားပေါ့နော်“ ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက ပြောသည်။

ဆင့်ပွားသင်တန်း စတင်ဖွင့်စဉ် အယောက်နှစ်ဆယ်ခန့်သာ ရှိသော်လည်း လူငယ်အများအပြား စိတ်ပါ ဝင်စား တက်ရောက်လိုသည် ဟုဆိုကာ စာရင်းပေးလာကြသဖြင့် ၈၀ ကျော် အထိ ရှိသွားခြင်း ဖြစ်သည်ဟုသိရသည်။

ထိုသင်တန်းတွင် လက်နက်ငယ်ဖြုတ်တပ်၊ မိုင်းနှင့်ဖောက်ခွဲရေး သဘောတရားများ လေ့လာသင်ယူခဲ့ရသည် ဟု အသက် ၂၅ နှစ် အရွယ် သင်တန်းသားတစ်ဦး က ပြောသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း မင်းဝံတောင်အနီး တစ်နေရာတွင် ထီးချိုင့် PDF များ၏ အခြေခံ စစ်ပညာ သင်တန်း အပတ်စဉ် ၅ ကို လူငယ် အယောက် ၆၀ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...