စစ်ကောင်စီ တပ်ဖွဲ့များ ခရီးသည်တင်ယာဉ်ကို ပစ်ခတ်၊ သေဆုံးမှုရှိ

စစ်ကောင်စီ တပ်ဖွဲ့များ ခရီးသည်တင်ယာဉ်ကို ပစ်ခတ်၊ သေဆုံးမှုရှိ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း မြိတ်-ထားဝယ် လမ်းမကြီး ပေါ်တွင် ကုန်တင်ယာဉ်တွဲကားနှင့် ခရီးသည်တင်ယာဉ် အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံး မှုများလည်း ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာအုပ်စု ပိတိုင်ကျေးရွာအနီး မြိတ်-ထားဝယ် လမ်းမကြီး ပေါ်တွင် ကုန်တင်ယာဉ်တွဲကားတစ်စီးနှင့် ခရီးသည်ယာဉ် ၄ စီး ပါဝင်သည့် ယာဉ်တန်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“သေနတ်သံက ဆယ်ချက်ကျော်တယ် ကြားတယ်။ စစ်ကောင်စီကားတွေ မကြာခဏ မိုင်းဆွဲခံနေရလို့ ခရီးသည် ကားတွေကို မဲပြီး တမင်ပစ်ခတ်တာလို့ ပြောနေတာတွေရှိတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြော သည်။

အတိုက်ခိုက်ခံရသော စစ်ကောင်စီ ကားများအတွက် လူစီးကားများကို လက်စားချေခြင်းဖြစ်သည်ဟု ပြောဆိုခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ (ယနေ့) နံနက် ၄ နာရီခွဲ ဝန်းကျင် အချိန်ခန့်တွင် မြိတ်မြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တန်း ပစ်ခတ်ခံခဲ့ရပြီး အပစ်ခံခဲ့ရသည့် ကားများမှာ ရွှေမန္တလေး ၂ စီး၊ ရတနာတိုး ၁ စီး၊ အန်တီဝင်း ၁ စီး စသည့် ခရီးသည်တင်ယာဉ်များ အပြင် ကုန်တင်ယာဉ် တွဲကားတစ်စီးလည်း ပါဝင်သည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ကုန်တင်ယာဉ်တွဲကားမောင်းသူသည် သေနတ်ထိမှန်၍ လမ်းဘေးထိုးကျခဲ့ကာ ပွဲချင်း ပြီး သေဆုံးခဲ့သည်။

ယာဉ်တန်းတွင်ပါလာသည့် ခရီးသည်ယာဉ်များထဲမှ ရွှေမန္တလေးကား ယာဉ်မောင်းလည်း သေနတ်ထိ မှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ရတနာတိုး ခရီးသည်တင်ယာဉ်တွင် လိုက်ပါသူ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု  မျက်မြင်တွေ့ရှိခဲ့သူ အသက် ၅၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...