နေပြည်တော် ကမ္ဘာပျက်ပြီ။ အမေစု လွှတ်ပေးလိုက်ရပြီ ဆိုတဲ့ သတင်းမှား

နေပြည်တော် ကမ္ဘာပျက်ပြီ။ အမေစု လွှတ်ပေးလိုက်ရပြီ ဆိုတဲ့ သတင်းမှား

နေပြည်တော် ကမ္ဘာပျက်နေပြီ အမေစုကိုလည်း လွှတ်ပေးလိုက်ရပြီ ဆိုတဲ့ ရေးသားမှုနဲ့အတူ ရုပ်သံတစ်ခုကို 1M News Today ဆိုတဲ့ Facebook စာမျက်နှာနေက ရေးတင်ထားတာကို တွေ့ရပါတယ်။

1M News Today က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၁၀ နာရီ ၅၁ မိနစ်က ရေးတင်ထားတာဖြစ်ပြီး ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ရဲ့ ပုံကို စာတွေထည့်ကာ ရုပ်သံအဖြစ် ပြုလုပ်ထားတာကို‌ တွေ့ရပါတယ်။

1M News Today တင်ထားတဲ့ ရုပ်သံစစချင်း ပေါ်နေတဲ့ ဓာတ်ပုံထဲမှာဆိုရင် “၇ နာရီ Breaking News စစချင်း ယုံ တောင် မယုံပု အင်တာပို မြန်ချက်၊ မအလ အဖမ်းခံလိုက်ရပြီ၊ ဇော်မဲလုံးကိုယ်တိုင် ကြေညာသွား” ဆို ပြီး တွေ့ရပါတယ်။

ဒီရေးသားမှုတွေက သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီပိုင် MWD နှင့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MRTV၊ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေရဲ့ အခုရက်ပိုင်း ကြေညာချက်တွေထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းကို မတွေ့ရသလို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေက လည်း သတင်းရေးသားထားတာကို မတွေ့ရပါဘူး။

နောက်တစ်ခုကတော့ အင်တာပို က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းလိုက်ပြီဆိုတဲ့ သတင်းဟာလည်း သတင်းအမှားပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖမ်းခံရတယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ မြန်မာသတင်းမီဒီယာတွေ သာမက နိုင်ငံတကာ သတင်းမီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် သတင်းရေး သား ထုတ်လွှင့် ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဘယ်သတင်းမီဒီယာကမှ သတင်းရေးသား ထုတ် လွှင့်တာကို မတွေ့ရပါဘူး။

ဒါ့အပြင် 1M News Today က ရေးထားတဲ့ သတင်း ခေါင်းစဉ်နဲ့  ရုပ်သံထဲမှာပါတဲ့ အကြောင်းအရာတွေဟာ ကိုက်ညီမှု မရှိတာကို တွေ့ရပါတယ်။

1M News Today ရဲ့ ရုပ်သံ သတင်းကြေညာချက်ထဲမှာ ဆိုရင် ရွှေဘို-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ မြင်းခြံတွင် စစ်ကောင်စီ ယာဉ်တန်းတစ်စီး စတင်တိုက်ခိုက်ခံရ ၃ ဦးသေဆုံး စတဲ့ သတင်းတွေအပြင် လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းမှား/မှန်အစုံကို ရုပ်သံအဖြစ် ပြု လုပ်ထားတာ ဖြစ်ပါတယ်။

1M News Today Facebook စာမျက်နှာကို ဇွန်လ ၂၄ ရက်နေ့၊ ၂၀၂၁ ခုနှစ်မှာ စတင်ပြုလုပ်ထားတာဖြစ်ပြီး ဓာတ် ပုံတွေကို လူတွေစိတ်ဝင်စားစေတဲ့ စာသားတွေထည့်သွင်းရေးသားကာ ရုပ်သံအဖြစ် ဖန်တီးနေတဲ့ စာမျက်နှာ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို စိစစ်လိုက်တဲ့အခါမှာတော့ 1M News Today က တင်ထားတဲ့ ရုပ်သံ သတင်းဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

1M News Today ရဲ့ ရုပ်သံသတင်းကို ကြည့်ရှု့သူ ငါးသောင်း ခုနှစ်ထောင်ကျော်ရှိနေပြီး ထပ်ဆင့်ဖြန့်ဝေသူ လေး ရာနီးပါးနဲ့ ကြိုက်နှစ်သက်သူ၊ သဘောထား မှတ်ချက်ပေးသူတွေလည်း ရှိနေပါတယ်။

လက်ရှိကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ သတင်းတု/သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေး သားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ ပြောပြတော့မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့လိုပါတယ်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...