နောက်အရေးကြီးတဲ့ အချက်ကတော့ တရုတ်နယ်စပ်မှာ ရှိနေတဲ့ UWSA ၀ တပ်ဖွဲ့ကို အဓိက အုပ်ချုပ် နေသူတွေမှာ DEA တို့ Bureau for International narcotic and Law Enforcement affair တို့လို အဖွဲ့ တွေရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့အလိုရှိသူ စာရင်းထဲမှာ ကာလရှည်ပါနေတဲ့ ကိစ္စတွေအပေါ် တရုတ်ဘက် က ခေါင်းဆောင် အပြောင်းအလဲအတွက် ဖိအားပေးမှု ရှိနေတယ်ဆိုပြီး အသံတွေထွက်ခဲ့တာပါ။
ဒါပေမဲ့ အခု ၆ လပိုင်းကုန်ခါနီး ဇူလိုင်ရောက်လုရောက်ခင်အထိ ၀ ညီလာခံက ဖြစ်မလာခဲ့ပါ။ ၀ တပ်ဖွဲ့မှ အရာရှိအချို့ကတော့ ပုံမှန်ကျင်းပနေကြ ၆ လပတ်အစည်းအဝေး လောက်ပဲ ကျင်းပဖို့ ရှိနေတယ်လို့ စာရေးသူကိုပြောပါတယ်။
ပြီးခဲ့တဲဲ့ ၆ လအတွင်း ၀ တပ်ဖွဲ့ရဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပူူးတွဲလှုပ်ရှားဆောင်ရွက်မှု တွေ ကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါ၀င်တဲ့ နိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ မဟာမိတ်အဖွဲ့ဖွဲ့ဖို့ သဘောတူခဲ့တာ၊ နေပြည်တော်မှာကျင်းပတဲ့ ၂၁ ပင်လုံ ဒုတိယ အကြိမ်ဖွင့်ပွဲကိုမြောက်ပိုင်းက အဖွဲ့ ရ ဖွဲ့ တက်ရောက်ခဲ့တာတွေက ၀ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ ( အစိုးရက တော့ ၂၁ ပင်လုံအတွက် တဖွဲ့ချင်းဖိတ်ခဲ့တာလို့သာ ပြောပေမဲ့ မြောက်ပိုင်းအဖွဲ့တွေကတော့ မဟာမိတ် အဖွဲ့ လိုက် လာတဲ့ သဘောပြောဆို) ရဲ့ ထင်ရှားတဲ့ အုပ်စုလိုက်လှုပ်ရှားမှု အချို့ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲဲ့ ၆ လအတွင်း ပန်ဆန်းမှာ နှစ်ကြိမ်တိုင်ကျင်းပခဲ့တဲ့မြောက်ပိုင်း အဖွဲ့တွေရဲ့ တိုင်းရင်းသား အစည်းအဝေးကနေ စုဖွဲ့ခဲ့တဲ့မဟာမိတ် စုဖွဲ့မှုစဟာ နယ်မြေချင်းထိစပ်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေအကြား စစ်ရေးမဟာမိတ်ဖွဲ့ဖို့တော့မပါခဲ့ဘူးလို့ ဆိုကြပါတယ်။
၀ အတွက် ခေါင်းခဲစရာဖြစ်နေတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ စာရင်းဝင်ဖြစ်နေတဲ့ ကိစ္စနဲ့ ခေါင်းဆောင်အပြောင်းအလဲ ကိစ္စကတော့ ဒီ ၆ လအတွင်းမှာ ကြီးကြီးမားမားအပြောင်းအလဲဖြစ်တဲ့ အရိပ်အယောင်လေးတောင် မရှိခဲ့ပေမဲ့ ဒီရက်ပိုင်းအတွင်း မိုင်းတုံ ပုံပါကျင်မှာရှိတဲဲ့ UWSA တောင်ပိုင်းဌာနချုပ် က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မီဒီယာတွေ ကို ဖိတ်ပြီး ကျင်းပခဲ့မှုက ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
၀ တောင်ပိုင်း အမှတ် ၁၇၁ စစ်ဒေသဌာနချုပ် ဟွေ့အော် မှာကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အခမ်းအနားဟာ မကြာသေးခင်ကပဲ ထိုင်းနိုင်ငံ မြောက်ပိုင်းက မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုဟာ ၀ တောင်ပိုင်းအဖွဲ့နဲ့ ပတ်သက်တယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်မှုအပြီး မှာ ပြုလုပ်တဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။
၀ တောင်ပိုင်းလို့ခေါ်တဲ့ ထိုင်းမြန်မာ နယ်စပ်တလျောက်က နယ်မြေဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက် နာမည်ထွက်ခဲ့ဖူးတဲ့နေရာလည်းဖြစ်ပါတယ်။ ဘိန်းဘုရင်ခွန်ဆာက အဲဒီ ဒေသတလျှောက် မှာပဲ ဆယ်စုနှစ်များစွာ ကျက်စားခဲ့သလို ၊ ခွန်ဆာရဲ့ လက်ထောက်တွေဖြစ်ပြီး နောက်ပိုင်းမှာ ၀ UWSA နဲ့ လက်တွဲ ခဲ့တဲဲ့ ဝေရှော်ကန်း ၊ ဝေရှော်ယင် ညီအစ်ကိုတို့ဟာလည်း ခွန်ဆာ MTA ၊ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ရဲ့ RCSS/SSA တို့နဲဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ၁၇၁ တပ်မဟာကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ တာချီလိတ်အောက်ပိုင်းလွယ်လန်းကနေ အောက်ဘက် ထိိုင်းမြန်မာ နယ်စပ် တလျှောက် နယ်မြေတွေမှာအခြေ ချခဲ့တဲ့ ၀ တပ်တွေဟာ ဝေရှော်ကန်း၊ ဝေရှော်ယန်တို့ရဲ့ ၁၇၁ တပ်တွေပဲဖြစ် ပါတယ်။ နောက်ပိုင်းမှာ ၁၇၁ စစ်ဒေသမှူးအဖြစ် ဝေရှော်ယင်ကတာဝန်ယူခဲ့ပေမဲဲ့ ဟွေ့အော်မှာ လတ်တ လောပြုလုပ်ခဲဲ့တဲဲ့မူးယစ်တိုက်ဖျက်ရေးနေ့အခမ်းအနားကိုတော့ ဝေရှော်ယင်လည်း မတက်ဘူးလို့ အဲဒီပွဲကို သွားတက်ခဲ့သူအချို့က ပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ကမ္ဘာက စာရင်းသွင်းထားတဲ့အထဲမှာ ဦးပေါက်ယိုချန်း ၊ပေါက်ယိုရီ ၊ ပေါက်ယိုလျှံ နဲ့ ဦးဝေရှော်ကန်း တို့ညီအစ်ကိုတွေပါနေပါတယ်။ ပန်ဆန်းမှာ နေထိုင်တဲ့ ဝေရှော်ကန်း ကို တစ်ချို့က - ၀ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်လို့ ဆိုတယ်။ ဒါပေမဲ့ သူနဲ့ ပတ်သက်မှုကို ၀ တပ်ဖွဲ့က သတင်းမီဒီယာတွေ ကို ပြောလေ့မရှိ ပါဘူး။ ထို့အတူ သူ့ရဲ့ညီဖြစ်တဲ့ ဝေရှော်ယင် ( အမှတ် ၁၇၁ စစ်ဒေသမှူး ၊ ထိုင်းမြန်မာ နယ်စပ်က တပ်တွေရဲ့အကြီးအကဲ ) ကိုလဲ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်လို့ ကမ္ဘာက စာရင်းသွင်းထား ပါတယ်။
၀ ရဲ့လှုပ်ရှားမှုတွေထဲမှာ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းတယောက်ဖြစ်တဲ့ ဦးစန်းပွင့်ဆီ က အကြံဉာဏ်ယူပြီး တပ်နဲ့တိုက်ရိုက် ဆက်သွယ်ဖို့ ကြိုးစားကောင်း ကြိုးစားနိုင်တယ်ဆိုတဲဲ့ ယူဆချက် တွေလည်း ရှိနေပါတယ်။
ဒါကလည်း ၀အနေနဲ့ သူတို့ အကြံပေးအဖြစ် ဦးစန်းပွင့်ကို ခန့်အပ်ခွင့်ပြုဖို့ ၂၀၁၆ ခုနစ်အတွင်းက ပြုလုပ်ခဲ့တဲ့ အစိုးရ နဲဲ့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ဖူးမှုအပေါ် အခြေခံတွက်ဆ တာကြောင့် လည်း ဖြစ်နိုင်သလို ဦးခင်ညွှန့် ဦးဆောင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေ နဲ့ ၀ ခေါင်းဆောင်တွေ အကြား ယခင်ကာလက ရင်းနှီးတဲ့ ဆက်ဆံရေးရှိမှုတွေကြောင့်လည်းဖြစ်ပါတယ်။ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီ စုံစမ်းကြည့်တော့ ဘယ်သူကမှလည်း အတည်မပြုသလို ငြင်းဆန်တာလည်း မရှိပါဘူး။
(၂) တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးအပေါ် နယ်စပ်တည်ငြိမ်ရေးအဓိကထား ချဉ်းကပ်မှု
လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်း မူစယ်ဒေသ တိုက်ပွဲတွေဖြစ်ချိန်ကစလို့ ပြန်ကြည့်ရင် တရုတ်အနေနဲ့ မြန်မာ့ငြိမ်း ချမ်းရေးမှာ နယ်စပ် တည်ငြိမ်မှုကိုအဓိကထား ပြောဆိုနေခဲ့တာ သတိထားမိပါတယ်။ ယခုနှစ်အစော ပိုင်းကိုး ကန့်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအချို့မှာ မြို့ပေါ်အထိ လျှပ်တပြက် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး တိုက်ပွဲပြင်းထန် လို့ နယ်စပ်ကို ကျော်လွန် ကျည်ကျရောက်ပေါက် ကွဲမှုတွေ ရှိလာတဲ့အချိန်မှာ တရုတ်စစ်တပ်က နယ်စစ်နားမှာ ဟန်ရေးပြ တာတွေ ရှိပေမဲ့လည်း အရပ်သား အစိုးရဖြစ်တဲ့ NLD အစိုးရ နဲ့ တရုတ်အကြားဆက်ဆံရေးကတော့ ကောင်းမွန်နေတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ မဟာဗျူဟာ စီမံကိန်းတွေအတွက် သဘော တူညီချက်အချို့ကို မြန်မာနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့သလို သမ္မတ ဦးထင်ကျော် ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ တပ်မတော်နဲ့ ဆက်ဆံမှုအဖြစ် ကတော့ တရုတ်ရဲ့ စစ်တပ် အဆင့်မြင့် အရာရှိ ပုဂ္ဂိုလ်တွေက နေပြည်တော်ကို လာရောက်ခဲ့တာတွေ့ရပြီး တပ်မတော် ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။
တရုတ်ရဲ့ မြန်မာ့အရေးပေါ်လစီမှာ မီးစာတဘက် ရေမှုတ်တဘက် ၊ ပီကင်းနဲ့ ယူနန် ပေါ်လစီ စသဖြင့် သုံးသပ်တာတွေ ရှိပေမဲ့ တရုတ်က သူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားအတွက် ဆိုရင် တော့ တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ရေးကိုသာ အဓိကထားဦးစားပေးပါလိမ့်မယ်။ တရုတ်မြန်မာ နယ်စပ် အခြေစိုက်အဖွဲ့တွေထဲမှာ တရုတ်နဲ့ ကာလရှည်ဆက်ဆံရေးကောင်းမွန်တဲ့ အဖွဲ့ အဖြစ် UWSA ၀ တပ်ဖွဲ့က ရှိနေပါတယ်။
(၃) UNFC ကို KIA စွန့်ခွာမှုနဲ့ တောင်ပိုင်းမြောက်ပိုင်း ချိန်ခွန်လျှာ လွန်ခဲ့တဲ့ ၆ လအတွင်း ထင်သာ မြင်သာတဲ့ ဖြစ်ရပ်တခု ကတော့ တိုင်းရင်းသားမဟာမိတ် တပ်ပေါင်း စုဖြစ်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကနေ ဦးဆောင် အဖွဲ့အ စည်း ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှုတ်ထွက်ခဲ့ခြင်း ပဲဖြစ်ပါတယ်။ WNO လို အဖွဲ့ငယ်တချို့ က နှုတ်ထွက်တာ ရှိပေမဲ့ အရေးပါမှု နည်းပါတယ်။
ကေအိုင်အိုကိစ္စကတော့ မဟာမိတ် အဖွဲ့တွေအတွက် အတော်လေး အရေးပါပါတယ်။ မြောက်ပိုင်း အဖွဲ့တွေထဲက SSPP/SSA နဲ့ KIA တို့ဟာ အနီးအနားက မဟာမိတ် တွေနဲ့ ရပ်တည်ရေး စစ်ရေးအရ မဆက် ဆံလို့ မရတဲဲ့ အခြေနေဆိုတာကို လက်ခံလို့ရပေမဲ့ ဖက်ဒရယ်နဲ့ ပတ်သက်လို့ အမြဲတမ်း တက်တက် ကြွကြွ လေ့လာ ဆွေးနွေးတတ်တဲ့ KIA ဟာ နိုင်ငံရေးအရ ၀ ဦးဆောင်မှုအောက်ကနေ လိုက်တော့မယ် ဆိုတဲ့ ကိစ္စဟာ အံ့အားသင့်စရာဖြစ်ပါတယ်။
လက်တွေ့နိုင်ငံရေးအရ ပါ၀ါရှိသူက စကားပြောလို့ ပိုကောင်းတာမှန်ပေမဲ့ ၀ ဦးဆောင်မှုဟာ ရေရှည်ဖက်ဒရယ် ဒီမိုကရေစီ မူဘောင်တွေအတွက် ဘယ်လောက် စဉ်းစားထားလဲ ဆိုတာကို KIA အဖွဲ့အတွင်းမှာတင် ဆွေးနွေးငြင်း ခုံစရာဖြစ်စေခဲ့တယ်လို့ အဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ၀ မဟာမိတ် အရေးနဲဲ့ ပတ်သက်လို့ ကေအိုင်အို အဖွဲ့နဲ့ ကချင်အဖွဲ့အစည်းတွေကြား ထဲ မှာလိပ်ခဲတည်း လည်းဖြစ်မှုတွေ လတ်တလောမှာရှိနေတယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။
ကေအိုင်အိုအဖွဲ့အတွင်းက တာဝန်ရှိသူအချို့နဲ့ ကချင် အဖွဲ့အစည်းတွေက တာဝန်ရှိသူအချို့ကတော့ နိုင်ငံရေးအရ မပီပြင်ဝိုးတဝါး ဦးဆောင်မဲဲ့ ၀ ရဲ့ဦးဆောင်မှုကို လိုက်ပါမဲ့ အခြေနေအပေါ် ပူပန်နေဟန်လည်း ရှိပါတယ်။ ကေအိုင်အို အဖွဲ့အတွင်း ဒီမိုကရေစီလျော့နည်းပြီး ခေါင်းဆောင်တဦး တယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ၀ ကိုပုံအပ်ဖို့ဆုံးဖြတ်ခဲ့သလားဆိုတာ ကလည်း စဉ်းစားစရာဖြစ်စေပါတယ်။ ၂၁ ပင်လုံပထမအကြိမ်တုန်းက လာတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးအန်ဘန်လဟာ ဒုတိယအကြိမ်မှာတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့အတူ ဖွင့်ပွဲကို မိန့်မိန့်ကြီး လာတက်နေပြန်ပါတယ်။ အခုဒီစာကိုရေးနေချိန်အထိမြောက်ပိုင်းအဖွဲ့ဖြစ်တဲဲ့ SSPP/SSA ကတော့ UNFC ကနေမနှုတ်ထွက်သေးပါဘူး။
ဗဟိုကော်မတီ အစည်းအဝေးမလုပ်ရသေးတာကို အကြောင်းပြဆက်ရှိနေ တာဖြစ်ပါတယ်။ SSPP/SSA (သျှမ်းမြောက်) သာနှုတ်ထွက်လိုက် ရင်တော့တောင်ပိုင်း မြောက်ပိုင်း မဟာမိတ် နှစ်ခု ပီပီပြင်ပြင်ကွဲပြားစွာ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ တိုင်းရင်းသား ၂၁ ဖွဲ့ကို ခြံုကြည့်ရင် တကယ့်ကို တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်အတွက် ပီပီပြင်ပြင် အသံထွက်နေတာ ကေအိုင်အို ၊ ကရင်နီ KNPP ၊ NMSP မွန်ပြည်သစ်နဲ့ SSPP/SSA တို့သာရှိနေပါတယ်။
SSPP/SSAဆိုရင် ၀ နဲ့ နီးတယ်ဆိုနိုင်ပေမဲ့ လွန်ခဲ့နှစ် မိုင်ဂျာယန် ဆွေးနွေးပွဲမှာ ပြည်နယ် ရသင့်တဲ့ နယ်မြေအဖြစ် ၀ မြောက်ပိုင်းသာ မက တောင်ပိုင်းထိုင်နယ်စပ် ၀ တောင် (သျှမ်းလက်နက်ကိုင်နယ်မြေတွေကို စစ်တပ်နဲ့ပေါင်းပြီး စစ်အစိုးရလက်ထက်က ၀ကသိမ်းပိုက်ခဲ့တဲ့ ဒေသ ) ဒေသကိုပါ UNFC ရဲ့ အခြေခံဥပဒေ မူကြမ်းမှာဖော်ပြခဲ့တဲ့အတွက် SSPP က ကန့်ကွက်ခဲ့ဖူးပါတယ်။
(၄) ၀ ဦးဆောင်မှုနဲဲ့ ရေရှည် ဒီမိုကရေစီငြိမ်းချမ်းရေးမူဘောင် အတွက်ဒွိဟဖြစ်စရာအချက်တွေတကယ်တော့ တိုင်းရင်းသား မဟာမိတ်တွေနဲဲ့ ပူူးပေါင်းဆောင်ရွက်မှုမှာ ခေတ်အဆက်ဆက် အားနည်းခဲ့တဲဲ့ ၀ အနေနဲဲ့ ၂၀၁၅ ခုနစ်မှာ စတင်ကျင်းပတဲဲ့ ပန်ဆန်း တိုင်းရင်းသားဆွေးနွေးပွဲမှသာ တိုင်းရင်း သား မဟာမိတ်တပ် ပေါင်းစုအရေးအတွက် စတင်ခြေလှမ်းပြင်ဆင် ခဲ့တာဖြစ်ပါ တယ်။
ခေါင်းဆောင်တွေရဲ့ မြန်မာဘာသာစကား အားနည်းမှု ၊ ဒေသတွင်း ဒီမိုကရေစီ ကျင့်သုံးမှု မရှိသလောက်ဖြစ်မှု ၊ ပြည်တွင်း နိုင်ငံရေးအကြောင်း နားလည် မှု အားနည်းခြင်း ၊ စားပွဲဝိုင်းဆွေးနွေးမှုတွေမှာ အတွေ့အကြံုအား နည်းမှုတွေ အပြင် မြောက်ပိုုင်း အဖွဲ့တွေ အကြားမှာကို ရေရှည်နိုင်ငံရေး မျှော်မှန်းမှုအရ သဘောထားမတူညီမှုတွေကတော့ စဉ်းစားရမဲဲ့ အချက်တွေဖြစ်ပါတယ်။ အဲဒီမဟာမိတ်အဖွဲ့တွေရဲ့ စာတမ်းထဲမှာ ဖက်ဒရာယ် သဘောတရား တွေပါ၀င်ပေမဲ့ KIO/KIA နဲ့ SSPP/SSA က လွှဲလို့ ကျန်အဖွဲ့တွေရဲ့ ရေရှည်နိုင်ငံရေး ရည်မှန်းချက်က ဖက်ဒရယ် နဲ့ ပတ်သက်လို့သိပ် မရှင်းလင်းလှပါ။ ပြည်နယ်နဲ့ကိုယ်ပိုင်ဒေသရရေးတောင်း ဆိုနေတဲ့ အဖွဲ့တွေက အများစုဖြစ်နေပါတယ်။
မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ အခုလို စုစည်းဖို့ စဉ်းစားတာဟာ နယ်မြေအရ ဆက်စပ်မှု ၊ ဖိအားဒဏ်ကြံုလာပါက အဖွဲ့များတဲ့အတွက်ဖိအား ဒဏ်သက် သာနိုင်မှုအပေါ် စဉ်းစားခဲ့ဟန်တူပါတယ်။
၀ အနေနဲ့ ကျန် အဖွဲ့တွေနဲ့ မတူတဲ့ အနေထား တချို့လည်း ရှိနေပါတယ်။ သူ့နယ်မြေက သီးသန့်ဖြစ်နေပြီး စစ်ဖြစ်တဲ့ နယ်မြေမဟုတ်တာ ၊ သူ့နယ်မြေထဲမှာ အစိုးရတပ်တွေမရှိတဲ့ ကိစ္စတွေအပါ၀င်ပါ။ ဖိအားရှိ တာခြင်း တူရင်တောင် သူ့အင်အားဓနကြွယ်ဝမှုအရ ၀ နဲ့ တပ်မတော် အကြား ထိပ်တိုက်တွေ့ဖို့ အလား အလာက တော့ လတ်တလောဖြစ်ဖို့ နည်းလွန်းလှတယ်လို့ ကောက်ချက်ချမှုတွေရှိပါတယ်။ ( ဥပမာ- နောက်ပိုင်းနှစ်တွေ အတွင်းပြန်ကြည့်ပါက ၀ နဲ့ တပ်မတော်အကြား နယ်ခြားစောင့်ကိစ္စ ၊ မိုင်းလားနယ်ထဲ ၀ တပ်ဝင်စီးတဲ့ ကိစ္စအပါ၀င် တင်းမာမှုဖြစ်စရာ ကိစ္စရပ်တွေရှိပေမဲ့ တိုက်ပွဲတကြိမ်မှ မဖြစ်ခဲ့သလို ၁၉၈၉ ခုနစ် ဗကပ ပြိုပြီးကတည်းက ၀ နဲ့ တပ်မတော်အကြားတိုက်ပွဲ မဖြစ်ဖူးသေးပါ။ ဖြစ်ရင်လည်း နှစ်ဘက် အင်အားအရ အင်မတန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာနိုင် ) တဘက်မှာလည်း ၀ အနေနဲ့ သူ့ရဲ့ နှစ်ကာလအတန်ကြာ တည်ဆောက်ခဲ့တဲ့ အခြေခံ အဆောက်အုံတွေ ပျက်စီးမှာကို လိုလားဟန်မရှိပါ။
နောက် ၀ အနေနဲ့ အခြားအဖွဲ့တွေနဲ့ မတူတာက မူးယစ်ဆေးဝါးကိစ္စ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ဖိအား အောက် အမြဲကျရောက်နေတတ်တဲ့ အနေထားပါ။ ၂၁ ပင်လုံ ဒုတိယအကြိမ် ၀ တပ်ဖွဲဲ့ နေပြည်တော် လာတုန်း က ၀ တပ်ဖွဲ့က ဖြန့်ဝေခဲ့တဲ့ စာတမ်းမှာ DEA စာရင်းကနေ ပယ်ဖျက်ပေးဖို့အတွက် အစိုးရမှကြိုးစားပေးရန် ဆိုတဲ့ ကိစ္စပါ၀င်တာကြည့်ရင် ဒီကိစ္စအပေါ်လည်း တစုံတရာ စိုးရိမ်ဟန်အနေထားရှိတာတွေ့ရပါတယ်။ ရှန်ရှင် ပိတ် ဆို့အရေးယူခံရသူတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ဒီအစိုးရလက်ထက်မှာ ကင်းလွတ် ခွင့်ရခဲ့တာကို ၀ အနေနဲ့လည်း စဉ်းစားဟန်တူပါတယ်။
တဘက်မှာလည်း NCA ထိုးစရာမလို အရင်ကတည်းက ထိုးလာခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်ရှိတယ် ဆိုတဲ့ စကားမျိုးကို အမြဲပြောလေ့ပြောထရှိတာက သတိထားစရာပါ။ တရုတ်အနေနဲဲ့ နယ်စပ်တည်ငြိမ်ရေးသာ အဓိကထားပြီး ဖက်ဒရယ်ဖြစ်ဖို့ ရေရှည်သွားရမယ်ဆိုတဲ့ အမြင်မျိုးရှိနေရင် ၀ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ အပေါ် ကြီးလေးတဲ့ ဖိအားရှိလာနိုင်တာဖြစ်ပါတယ်။
NCA ထိုးဖို့ တရုတ်က တိုက်တွန်းခဲ့တယ်လို့ ၂၁ ပင်လုံ ဒုတိယ အကြိမ်လာတုန်းက ၀ တပ်ဖွဲ့ တာဝန်ရှိသူတွေ က ဆိုထားခဲ့တာကို ကြည့်ရင် စဉ်းစားစရာ တွေလည်း ရှိပါတယ်။ အခုအထိ ၀ ခေါင်းဆောင်တွေ အပြောင်း အလဲပြုလုပ်ဖို့ ခြေလှမ်းမပြင်သေးတာကို ကြည့်ရင် ဖိအားဒဏ်ခံနိုင်သလားဆိုပြီးစဉ်းစားစရာ ရှိသလို တဘက် မှာလည်း မူးယစ်ဆေးဝါး စာရင်းဝင် ခေါင်းဆောင်တွေ ပြည်တွင်းမှာ လွတ်လွတ် လပ်လပ် သွားလာနိုင်ဖို့ အတွက် ခွန်ဆာ ၊ လော်စစ်ဟန်တို့လုပ်သလို လုပ်လာနိုင်မလားစဉ်းစားစရာရှိပါတယ်။
ခွန်ဆာလို လက်နက် မအပ်ရတဲ့ နည်းလမ်းမျိုးနဲ့ ဆိုရင် NCA မထိုး ရှိပြီးသား တဖွဲ့ချင်းစီအလိုက် ၀ နဲ့ အစိုးရ အဆက်ဆက် အကြား ချုပ်ဆိုခဲ့တဲ့ စာချုုပ်တွေကို သက်တမ်းတိုးပြီး ပိုနေမြဲ ကျားနေမြဲ လက်ရှိရနေတဲ့ ၀ ရဲ့ အုပ်ချုပ်ပိုင်ခွင့်တွေကို မထိပါးပဲ သွားလာနိုင်သလား ဆိုတာကလည်း စဉ်းစားစရာ ဖြစ်စေပါတယ်။
ဒီလိုဖြစ်ရတာကလည်း ရှင်းပါတယ်။ ၂၀၀၉ ၊ ၂၀၁၀ ၀န်းကျင် ပြည်သူ့စစ် ၊ နယ်ခြားစောင့်ဖွဲ့ရေး ကိစ္စတွေ ပေါ်လာတုန်းက မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တိုင်ပင်ခဲ့ပြီး တအာင်းပလောင်လို အဖွဲ့သစ်ကို မွေးထုတ် ကာ စည်းဝါးရိုက်တာတွေ လုပ်ခဲ့ပေမဲ့ တကယ်တမ်း ကချင်ဒေသနဲ့ SSPP/SSA ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန် လာချိန် သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တဖွဲ့ချင်းစီအလိုက် စာချုပ်အရင်စချုပ်ခဲ့တာက ၀ တပ်ဖွဲ့ဖြစ်နေလို့ပါပဲ။ ၀ ရဲ့ အားသာချက်က အခြားအဖွဲ့တွေလို မဟုတ်ပဲ အစိုးရ တပ်တို့လို အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တရားဝင် မဟုတ်တောင် အခြားနည်းလမ်းနဲဲ့ဆက်ဆံမှုတွေအမြဲရှိနေတတ်တာပဲဖြစ်ပါတယ်။
စာရေးသူရဲ့ သတင်းအရင်းအမြစ်ဖြစ်တဲ့ နယ်စပ်အရေး လေ့လာသူ တဦးကတော့ ၀ နဲ့ ပတ်သက်လို့ " ဦးဝင်းတင်က ဒေါ်စုကို ခန့်မှန်းဖို့ မကြိုးစားကြနဲဲ့လို့ပြောဖူးသလို ၀ ကိုလည်း ခန့်မှန်းဖို့ အသေတွက်ဆဖို့ မကြိုးစားတာ အကောင်းဆုံးပဲ' လို့ ပြောခဲ့ဖူးပါတယ်။ သူကိုယ်တိုင်လည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ စစ်ရေးဖိအားဒဏ်ခုခံမှုအတွက် ၀ ဟာ အရေးပါတယ်လို့ မြင်မိပေမဲဲ့ ဖက်ဒရယ်လို ကိစ္စတွေ အစိုးရနဲဲ့ ဆွေးနွေးဖို့အတွက် ၀ ကို ဦးဆောင်ခိုင်းတာမျိုးကတော့ စွန့်စားလွန်းရာကျတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ပါတယ်။
တချိန်တည်းမှာလည်း ၀ နဲ့ အစိုးရ တပ်မတော်တို့အကြား အပေးအယူလုပ်အဆင်ပြေသွားရင် တအာင်း (ပလောင်)၊ ကိုးကန့် ၊ အေအေ(ရခိုင်) တို့အနေနဲ့ ဖိအားအောက်ကျရောက်သွားနိုင်ပါသေးတယ်။ အဲဒီ ၃ ဖွဲ့ဟာ ၂၀၁၅ ပန်ဆန်းအစည်းအဝေးက စလို့ ၀ တပ်ဖွဲ့နဲ့ နီးစပ်သွားတဲဲ့ အဖွဲ့တွေဖြစ်ပြီး သူတို့ အနေထားအရ ၀ လို အဖွဲ့ရဲဲ့ အကူအညီက အတော်လေးကို အရေးပါပါတယ်။
တရုတ်ရဲ့ စဉ်းစားမှုနဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် အခင်းအကျင်းအရအခုလို အချက် (၃) ချက်ကို မြင်ပါတယ်။ (က) NCA လမ်းကြောင်းအတိုင်းသွားဖို့ (ခ) NCA ကို ပြင်ဆင်ရေး (သို့မဟုတ် ) ပိုမို ခိုင်မာမှုရှိတဲ့ စာချုပ်နဲ့ ခရီးဆက်ဖို့ (ဂ) အပေါ်နှစ်ခုမှာ တခုမှ မရရင် ဖြစ်တဲ့နည်းနဲ့ သာမန်အပစ်ရပ်စဲရေးစာချုပ် သွားဖို့ ဆိုတာမျိုး တွေပါ။ တရုတ်အနေနဲ့ကတော့ နယ်စပ်တည်ငြိမ်ရေးနဲ့ သူ့အကျိုးစီးပွားသာ အဓိကဖြစ်ပြီး မြန်မာနိုင်ငံ ဖက်ဒရယ်ဖြစ်ဖြစ် မဖြစ်ဖြစ် ၊ ဒီမိုကရေစီ ဖြစ်ဖြစ် မဖြစ်ဖြစ် သူ့အရေးတော့ မဟုတ်ပါ။
အစိုးရ တပ်ဘက်ကတော့ NCA ကို အဓိက ထားပေမဲ့ တဖွဲ့ချင်းစီစာချုပ်တွေရှိတဲ့ ၀ ၊ မိုင်းလား ၊ တို့ဟာ နောက်ပိုင်းမှာ စစ်ရေးဖိအားကနေ ကင်းလွတ်ခွင့်ရနေတာ ၊ တဖွဲ့ချင်း အပစ်ရပ်စာချုပ်တွေ မရှိတဲ့ ကေအိုင်အေ ၊တအာင်း(ပလောင်)၊ ကိုးကန့်တို့လို အဖွဲဲ့တွေအနေနဲ့ စစ်ရေးဖိအားဒဏ်ပိုကြံုရတာတွေက ထည့်သွင်း စဉ်းစားရမဲ့ အခြေနေပဲဖြစ်ပါတယ်။
စာဖတ်ပရိသတ်များအားလေးစားလျက်
ဆိုင်ဝမ်းဖှ(ဆောင်းပါးရှင်)







