စစ်ကောင်စီ နဲ့ ကချင်ရိုးရာလူကြီးများ မနောကွင်းမှာ ခရစ္စမတ်ပွဲပြုလုပ်တာကို ကချင်လူငယ်များကန့်ကွက်

မြစ်ကြီးနား မနောကွင်း
မြစ်ကြီးနား မနောကွင်း

ကချင်ရိုးရာယဉ်ကျေးမှု မနောကွင်းမှာ ကချင်ရိုးရာလူကြီးတွေနဲ့ စစ်ကောင်စီ အုပ်စုတွေပူးပေါင်းပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့က ခရစ္စမတ်ပွဲပြုလုပ်ခဲ့ပါတယ်။ ကချင်လူမျိုးများနဲ့သက်ဆိုင်ရာဒီနေရာမှာ မတရားအာဏာသိမ်းတဲ့ အဓမ္မအုပ်စုကို နေရာပေးတဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း ကချင်လူငယ်အဖွဲ့စည်းတွေက ပူးတွဲ ထုတ်ပြန်ခဲ့ကြပါတယ်။

ထုတ်ပြန်ချက်ထဲပါဝင်တဲ့အဖွဲ့တွေကတော့ Kachin State Civilian Movement ၊ All Kachin Youths Union (AKYU) ၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ Kachin Literature and Culture Association (Universities)၊ ကချင်စာပေနဲ့ ယဉ်ကျေးမှုတက္ကသိုလ်များ (မြစ်ကြီးနား) တို့ဖြစ်ကြပါတယ်။

အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်လို့ All Kachin Youths Union (AKYU) တာဝန်ခံ မ လုထွယ်ကို Kachin News Group က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး – ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်တွေက မနောကွင်းမှာ ခရစ္စမတ်ပွဲ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ကချင်လူငယ်အဖွဲ့အစည်းတွေအနေနဲ့ ကန့်ကွက်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြပေးပါ။

ဖြေ – ကျမတို့ဘာကြောင့် ထုတ်ပြန်ချက်ထုတ်ရတယ်ဆိုတော့ မနောကွင်းဆိုတာ ကျမတို့ ကချင်တွေရဲ့ တန်ဖိုးထားမြတ်နိုးရတဲ့ အထွတ်အထိပ်နေရာဖြစ်တယ်။ ဒီလိုနေရာမှာ အများပြည်သူကို နှိပ်စက် သတ်ဖြတ်တဲ့၊ ကျမတို့ရဲ့ ရန်သူ စစ်အာဏာရှင်ကို လက်ခံပြီး ပွဲသဘင်အခမ်းအနား ပြုလုပ်တာကို အလိုမရှိ ရှုံ့ချခြင်းဖြစ်တယ်။ မလိုချင်ဘူး။ ကချင်ပြည်မှာရှိတဲ့ လူငယ်အဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းတွေအနေနဲ့ ထောက်ပြထုတ်ပြန်ထားတာဖြစ်တယ်။

မေး – အခုလို နိုင်ငံရေးအခြေအနေကြားမှာ မနောကွင်းမှာ စစ်တပ်နဲ့ ကချင်ရိုးရာလူကြီးတစ်ချို့ ပူးပေါင်းပြီး ပွဲကျင်းပတာဟာ ဖြစ်သင့်ရဲ့လား၊ ဘယ်လိုဖြစ်သင့်တယ်ဆိုတာလည်း ပြောပြပေးပါ။

ဖြေ – ကျမတို့ ပြည်သူအားလုံး ဆန့်ကျင်တွန်းလန်နေတဲ့ စစ်အာဏာရှင်၊ ပြည်သူတွေကို သတ်ဖြတ်တယ်။ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တယ်။ အခုလို ယုတ်မာကြမ်းကြုတ်တဲ့ စစ်တပ်၊ မတရားကျင့်ကြံနေတဲ့ စစ်အာဏာရှင်ကိုမှ လက်ခံပေးပြီး ပြုလုပ်ကျင်းပတဲ့ ကချင်ရိုးရာလူကြီးတချို့နဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ဒါက လုံး၀ လက်မခံသင့်တဲ့အရာဖြစ်တယ်။ ဘာကြောင့်အခုလို လက်ခံပြီး ပြုလုပ်ရတာလဲ။ ဘာအကြောင်းကြောင့် စစ်တပ်ကို လက်ခံရတာလဲဆိုကို ကျမတို့လူငယ်တွေအခုထိ ရင်နာတယ်။ ရှံ့ချတယ်။ ကျမတို့ပြည်သူများနဲ့ အတူတကွရပ်တည်ရမဲ့အစား စစ်အာဏာရှင်နဲ့မှ မျက်နှချင်းဆိုင် ထမင်းလက်ဆုံစားတာကို ကျမတို့တွေဟာ လုံး၀စိတ်မကောင်းပါဘူး။

မေး – မနောကွင်းမှာ အလိုစစ်တပ်နဲ့ပူးပေါင်းပြီး အတူတကွပွဲကျင်းပတဲ့အပေါ် တာဝန်ရှိတဲ့ သူတွေကို လူငယ်တွေဘယ်လို ထောက်ပြပြောလိုပါလဲ။

ဖြေ – မနောကွင်းနဲ့ပတ်သက်ပြီး ကိုယ်စီတိုင်းမှာ တာဝန်ရှိတယ်။ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်။ ရိုးရာယဉ်ကျေးမှု လူကြီးတွေမှာ တာဝန်ရှိတယ်။ ဒါကို ကာကွယ်ရမဲ့အစား ကြောက်ရွံ့ပြီး ထားလို့မရဘူး။ ဒီလိုပဲဆိုရင် ၈၈ အရေးခင်းကလိုမျိုး မတရားတဲ့သူတွေက ပိုပြီး မတရားလုပ်လာကြပြီး ပြည်သူလူထုက ပိုပြီး ဖိနှိပ်ခံလာရတဲ့အဖြစ်ကိုရောက်ရှိသွားမယ်။ အားလုံးမှာတာဝန်ရှိတာကြောင့် လူငယ်မဆို၊ ပြည်သူတရပ်လုံးလည်း မတရားဘူးဆိုရင် အသံထွက်အောင် ထွက်ရဲ ဆိုရဲရမယ်။ ကချင်အားလုံးနဲ့ သက်ဆိုင်တဲ့နေရာဖြစ်တာကြောင့် ကျမတို့ ကချင်ပြည်သူလူထုတွေ အလိုမရှိတဲ့လုပ်ရပ်မျိုးကို သူတို့ကြိုက်သလို လုပ်ဆောင်နေခြင်းအပေါ် ကျမတို့တွေတော့ ရှံ့ချတယ်။ စစ်အာဏာရှင်က အခုလို မနောကွင်းမှာ ခရစ္စမတ် ပွဲကျင့်ပဖို့ စီစဉ်တာကို မနောကွင်းမှာတာဝန်ရှိတဲ့ ရိုးရာလူကြီးတွေ ကျမတို့ပြည်သူလူထုနဲ့ တသားထဲမရပ်တည်ပဲ စစ်တပ်ကို လက်ခံပြီး ပူးပေါင်းပြုလုပ်တာကို လုံးဝလက်မခံနိုင်ဘူး။ တကယ်ဆိုရင် တာဝန်ရှိတဲ့ ရိုးရာလူကြီးတွေကိုက ကျမတို့အများပြည်သူနဲ့ ရပ်တည်ပြီး စစ်အာဏာရှင်ကို အတူတကွ ပူးပေါင်းတွန်းလှန်ရမှာကို သူတို့က ဘာအကျိုးတူခံစားခွင့်တွေ ရှိနေလို့ အခုလိုလုပ်ရသလဲ။ ဘာကြောင့်အခုလို ပူးပေါင်းပြုလုပ်ရသလဲဆိုတာက ကျမတို့လူငယ်တွေအတွက်စဉ်းစားစရာပဲ။ ဒါကို လုံးဝလက်မခံနိုင်ဘူး။ တကယ်လို့တာဝန်ရှိတဲ့ လူကြီးတွေက စစ်တပ်ရဲ့ဆန္ဒကိုလက်မခံဘူးဆိုရင်တောင် မနောကွင်းကို စစ်တပ်ကကြိုက်သလို လာခြယ်လှယ်စရာအကြောင်းမရှိဘူး။ ဒီမနောကွင်းဆိုတာ ကျမတို့ကချင်လူထုအားလုံးနဲ့ သက်ဆိုင်တဲ့ နေရာဖြစ်တယ်။ စစ်တပ်က ကြိုက်သလိုခြယ်လှယ် ချိတ်ပိတ်တာတွေ ရှိလာရင်တောင် ကျမတို့ကချင်လူထုအားလုံးကတော့ အဆက်မပြတ် ကမ္ဘာကသိအောင် တွန်းလန် ဆန့်ကျင်သွားမှာပဲ လို့ပြောချင်ပါတယ်။

မေး – လွန်ခဲ့တဲ့အချိန်တွေမှာလည်း စစ်တပ်က သူ့သဘောတူညီမှုမရှိပဲ မနောကွင်းမှာ တစ်ခုခုပြုလုပ် လှုပ်ရှားတာတို့ဆိုရင် လာရောက်ပိတ်ပင်တာအကြိမ်ကြိမ်ရှိခဲ့တယ်။ စစ်တပ်အောက်ကနေ မလွတ်မြောက်နိုင်တဲ့ဒီအခြေအနေအပေါ် လူငယ်တွေ ပြောချင်တဲ့ ခံစားချက်စကားသံ ဘာဖြစ်မလဲပေါ့နော်။

ဖြေ – ဒီအကြောင်းအရာများနဲ့ ပတ်သက်ပြီးလည်း ကျမတို့တွေ အမြဲတမ်းပြောနေကျဖြစ်တယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီမတိုင်ခင် အာဏာမသိမ်းမီခင်ကတည်းကကိုပင် မနောကွင်းမှာ အစီအစဉ်တစ်ခုခု ပြုလုပ်ကျင်းပတော့မယ်ဆိုရင် အစိုးရကို လျှောက်ရတာတို့၊ သူတို့ဘက်က ခွင့်ပြုပေးမှ လုပ်ရတာတို့ ၊ ပြီးတော့ သူတို့မကြိုက်တာတစ်ခုခုလုပ်ပြီဆိုလည်း သူတို့ဘက်က လာရောက်ဝန်ရံ ပိတ်ပင်တာတို့ ဒီလိုမျိုးတွေ ပြုလုပ်တယ်။  တကယ်ဆိုရင် ဒီမနောကွင်းဟာ ကချင်မျိုးနွယ် ကချင်လူထုရဲ့ ကိုယ်ပိုင်အထွတ်အထိပ် မြေနေရာဖြစ်တယ်။ ဒီလိုပြုလုပ်တာက ကျမတို့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေး ပိတ်ပင်တာပဲ။ ပြီးတော့ကျမတို့ ကိုယ်ပိုင်မြေနေရာကို ကျမတို့မပိုင်ဘူး။ အခုဆိုစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပိုဆိုးပြီး နေရာတကာ သူတို့ ကြိုက်သလိုခြယ်လှယ်နေတယ်။ တိုင်းရင်းသားအခွင့်အရေးတွေ နဂိုတည်းကတောင် ပိတ်ပင်ခံနေရတာ အခုဆို ပိုပြီးဆိုးရွားလာနိုင်တယ်လို့ တွေ့မြင်ခံစားရပါတယ်။ ကျမတို့ ဒေသကျမပိုင်တယ်။ ဒါကြောင့် ကျမတို့ လူငယ်အားလုံးပြည်သူအားလုံး ကိုယ်ပိုင်ပြဌန်းခွင့်ကို လိုချင်နေတာတောင်းဆိုနေတာ နှစ်တာရှည်ပြီ။ အခုလို တောင်းဆိုရတယ်ဆိုတာကလည်း အခုလို ဖိနှိပ်နေတာကို လက်မခံနိုင်လို့ ဖြစ်တယ်။ ဆက်လက်ပြီးလည်း ကျမတို့က နည်းလမ်းအမျိုးမျိုး နဲ့ တွန်းလှန်တိုက်ခိုက်သွားမှာဖြစ်တယ်။

မေး – ဆက်လက်ပြီး လူငယ်တွေအနေနဲ့ တောင်းဆိုချင်တဲ့အရာ၊ ဖြစ်စေချင်တဲ့ သဘောထားက ဘာဖြစ်မလဲဆိုတာလည်း ပြောပြပေးပါ။

ဖြေ – ကျမတို့ လူငယ်အဖွဲ့အစည်းတွေအနေနဲ့တော့ ဆက်လက်ပြီးလည်း ဒီလိုကျမတို့ တိုင်းရင်းသားတွေရဲ့ အထင်ကရနေရာမှာ စစ်တပ်ကိုလက်ခံပြီး ပွဲသဘင် မပြုလုပ်တာကောင်းမယ်လို့ ကျမတို့ ကချင်ရိုးရာလူကြီးတွေကို မေတ္တာရပ်ခံလိုတယ်။ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲ ကျမတို့ ပြည်သူများနဲ့ တစ်သားထဲ ရပ်တည်ပေးပါ။ တိုင်းရင်းသား၊ ပြည်သူလူထုတွေကို သတ်ဖြတ်၊ နှိပ်စက်နေတဲ့ မတရားတဲ့ စစ်အာဏာရှင်၊ အခုဆိုရင် အခြားတိုင်းရင်းသားဒေသတွေမှာလည်း အင်မတန်မှ ခက်ခဲကြမ်းတမ်းနေရတာဖြစ်တယ်။ စစ်ရှောင်နေကြရတာဖြစ်တယ်။ ဒီလိုအချိန်မှာ စစ်တပ်နဲ့ မပူးပေါင်းပဲ ကျမတို့ပြည်သူတွေနဲ့ တသားထဲရပ်တည်ပြီး ဖက်ဒရယ်နိုင်ငံကို အတူတကွ ထူထောင်ကြရအောင်လို့ပြောချင်တယ်။ ဘယ်သူ့မျက်နှာမှမထောက်ပဲ၊ ဘယ်သူ့ကိုမှ မဖားပဲ အမှန်တရားဘက် မားမားမတ်မတ် ရပ်တည်ပြီး လူထုနဲ့ ပူးပေါင်းပေးပါလို့ ပြောချင်ပါတယ်။

စစ်ကောင်စီ နဲ့ ကချင်ရိုးရာလူကြီးများ မနောကွင်းမှာ ခရစ္စမတ်ပွဲပြုလုပ်တာကို ကချင်လူငယ်များကန့်ကွက်

KNG အင်တာဗျူး

Most read this week

May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...