မတ္တရာတွင် စစ်ကားနှင့် ဆိုင်ကယ်များကို မိုင်းဆွဲ တိုက်ခိုက်

မတ္တရာတွင် စစ်ကားနှင့် ဆိုင်ကယ်များကို မိုင်းဆွဲ တိုက်ခိုက်

မန္တလေးတိုင်း မတ္တရာမြို့၊ သပြေလှကျေးရွာ အနီးတွင် စစ်ကားနှစ်စီးနှင့် ဆိုင်ကယ်သုံးစီးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က မိုင်းခြောက်လုံးခွဲပြီး တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၃နာရီခွဲ အချိန်က စစ်ကောင်စီ တပ်သားများက အုန်းလွတ်ကျေးရွာမှ သစ်ကား တစ်စီး ဖမ်းလာပြီး အပြန်တွင် မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“မိုင်းခွဲသံကြားပြီး ခနနေတော့ အဲ့နားက တောထဲကတွေ သေနတ်တွေနဲ့ ပတ်ပစ်နေတာ အချက် ၂၀ လောက် ရှိ တယ်” ဟု အသက် ၅၀ နှစ်အရွယ် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရသည့် နေရာတွင် စစ်သား ၄ ယောက် ကားလမ်းမပေါ်တွင် ပက်လက်လန်လဲကျနေပြီး ထိခိုက်မူများ အများအပြားရှိနိုင်သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေက ကင်းကျေးရွာထဲတွင် တပ်ဆွဲထားသည့် စစ်သားများက သဖန်းကိုင်းနှင့် အုံလွတ် ကျေးရွာကြားရှိ တောင်သူလုပ်ကိုင်နေသူများကို ဖမ်းဆီးပြီး မတ္တရာ ရဲစခန်းကို ခေါ်သွားသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်ဆည်လေးကျေးရွာက ပြည်သူများ၏ နေအိမ်  ၃လုံး ကိုလည်း ရိုက်ဖျက်သွားသည်ဟု ရွာသား များက ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်နက်ကိုင်များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ မတ္တရာ )အဖွဲ့ထံမှ သိရသည်။

သို့သော် အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ရုံးပင်ရွာရဲကင်းစခန်းလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁ နာရီအချိန်ခန့်က မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...