အမျိုးသားမဟာမိတ်တပ်မတော် NDAA-ESS ခေါ် မိုင်းလားတပ်ဖွဲ့ ဥက္ကဌ ဦးစိုင်းလင်းနှင့်အတူ ဒုဥက္ကဌ ခွန်ဆန်လူနှင့် ဒုစစ်ဦးစီးချုပ် ဦးအိုက်ကြွမ် ၊ ဒုစစ်ဦးစီးချုပ် ဦးအားလူတို့လည်းတက်ရောက်ခဲ့ပြီး ကေဒါ တပ်သားများအား နိုင်ငံရေး စစ်ရေးကိုအလေးထား ဆောင်ရွက်ရန်၊ ပြည်သူလူထုနှင့် တပ်ဆက်ဆံရေး တိုးတက်မှုရှိအောင်ကြိုးစားကြရန် အမှာစကားပြောခဲ့ကြောင်း သိရသည်။
“ကေဒါတပ်သားအားလုံးအရာရှိအရာခံများအားလုံး စစ်ရေးသာမက နိုင်ငံရေးမှာပါ ကျွမ်းကျင် သိရှိအောင်လေ့လာထားရမယ်။ ဌာနအချင်းချင်း တပ်သားအချင်းချင်း ရိုင်းပင်းကူညီတတ်ကြဖို့နဲ့ ဆက်သွယ်မှုအမြဲလုပ်နေဖို့လိုတယ်။ မိမိတို့ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့လုပ်ငန်းစဉ်တွေ အခက်အခဲ တွေလိုအပ်ချက်တွေကိုလာမယ့် ၆ လပတ်အစည်းအဝေးမှာတင်ပြကြဖို့လိုတယ် ” - ဟု ဥက္ကဌ ဦးစိုင်းလင်း က အမှာပြောကြားသည်။
အဆိုပါ ၆ လပတ်အစည်းအဝေးသို့ ကေဒါတပ်သားနှင့်အရာရှိ ၄၀၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ၊ မဟာမိတ်တပ်ဖွဲ့ဆိုင်ရာ၊ ဖွံ့တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအား အပြန်အလှန်မေးမြန်းဖြေဆိုကြသည်ဟုဆိုသည်။
အထူးဒေသ ၄ မိုင်းလား တွင် ဆီလူးဒေသ တပ်မဟာ ၃၆၉၊ နမ့်ပန်းဒေသ တပ်မဟာ ၉၁၁ နှင့် မိုင်းလားဗဟိုဌာနချုပ် တပ်မဟာ စသည့်တပ်မဟာများရှိသည်။







