ပျောက်ဆုံးနေသော သာမညကျေးရွာအုပ်ချုပ်ရေးရုံးစာရေး(၃)ဦး အလောင်းသာပြန်တွေ့

ပျောက်ဆုံးနေသော သာမညကျေးရွာအုပ်ချုပ်ရေးရုံးစာရေး(၃)ဦး အလောင်းသာပြန်တွေ့

ဖားအံမြို့နယ် သာမညကျေးရွာတွင် ပျောက်ဆုံးနေသော အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ၃ ဦး၏ ရုပ်အလောင်းများကို နိုဝင်ဘာလ ၂၁ ရက်၊ နေ့လယ်အချိန်ခန့်က ဝဲကရင်ကျေးရွာသုဿာန်အတွင်းရှိ ခြုံများသည့်နေရာတွင် သွားရောက်တွေ့ ရှိခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

အဆိုပါအသတ်ခံရသူ ၃ ဦးကို ပျောက်ဆုံးသွားပြီး (၁၃)ရက်အကြာတွင် သာမညနယ်မြေ အပြင်ဘက်ရှိ ဝဲကရင်ကျေးရွာသုဿာန်၌ အလောင်းများကိုသာ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သာမညကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး စောသိန်းတင်က ပြောသည်။

၎င်းက “ပျောက်သွားတဲ့ နောက်ပိုင်း လိုက်စုံစမ်းတယ်။ ဘာအစအနမှ မတွေ့ရဘူး။ မနေ့က မီးပုံးပျံလိုက်နေတဲ့ ကလေးက သွားတွေ့တော့ အနီးနားက လယ်သမားကိုသွားပြောပြတာ။ အဲဒီကနေမှ ရာအိမ်မှူးကနေတစ်ဆင့် နယ်ထိန်းကို သူတို့သွားပြန်ပြောပြီးတော့ ကျနော်တို့ ပြန်သိရတာပေါ့။ ခန့်မှန်းခြေအရ အသတ်ခံရတာက ပျောက်သွားတဲ့ နေ့ကတည်းက ထင်တယ်။ ဘာဖြစ်လဲဆိုတော့ အလောင်းတွေက အကုန်ရုပ်ပျက်ကုန်ပြီး။ သူတို့အဝတ်အစားတွေ ကြည့်ပြီး သူတို့ဖြစ်တယ်လို့ အတည်ပြုလို့ရနိုင်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းစာရေးသုံးဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ မည်သူလက်ချက်ဖြစ်သည်ကို မသိရသေး သည့်အပြင် တရားခံများ ဖမ်းဆီးမိနိုင်ရေး ဆက်လက် ကြိုးစားအုံးမည်ဖြစ်ကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါရုံးစာရေး ၃ ဦးဖြစ်ကြသည့် ဦးအောင်ကျော်သူ အသက် ၄၀ နှစ်၊ ကိုကြည်ချို အသက်၂၆ နှစ်၊ ကိုသော် သော်သွင် အသက် ၃၀ နှစ်တို့သည် နိုဝင်ဘာ (၈)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန် ရုံးထဲ၌ရှိနေစဉ် အမည်မသိ လူတစ်စုက Honda Fit ခဲရောင်ကားတစ်စီးဖြင့် လိမ်လည်လာရောက်ခေါ်ဆောင်သွားခဲ့ပြီးချိန်မှစ၍ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

အသတ်ခံရသူ ၃ ဦးအနက် ဦးအောင်ကျော်သူမှာ ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့က ဖားအံမြို့တပ်မတော်ထောက်ခံပွဲတွင် သွားရောက်ပူးပေါင်းပါဝင်ခဲ့သည်ဟု သာမညဒေသခံများထံမှ သိရသည်။

သာမညကျေးရွာအုပ်စုတွင် ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်ရှိပြီ အသတ်ခံရသူများသည် အောင်ချမ်းသာ(၂)ရပ်ကွက်၊ သာမညတောင်ခြေ(တယ်လီဖုန်း)ရပ်ကွက်နှင့် တောင်ညို (၁)ရပ်ကွက်တို့တွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...