ဖရူဆိုမြို့နယ်​ အချို့​ဒေသတွင်​ ဝမ်​းပျက်​ဝမ်​း​လျှော​ ရောဂါများဖြစ်​ပွားပြီး အသက်​ဆုံးရှုံး​နေကြ

ဖရူဆိုမြို့နယ်​ အချို့​ဒေသတွင်​ ဝမ်​းပျက်​ဝမ်​း​လျှော​ ရောဂါများဖြစ်​ပွားပြီး အသက်​ဆုံးရှုံး​နေကြ
by -
ကန္တရဝတီ
ကယားပြည်​နယ်​ ဖရူဆိုမြို့နယ်​တွင်​းရှိအုပ်​စုများတွင်​ ဝမ်​းပျက်​ဝမ်​း​လျှော​ရောဂါများဖြစ်​ပွား​ပြီး အသက်​ဆုံးရှုံး​နေကြ​ကြောင်​း သိရသည်​။

“ဟိုယာနဲ့ ရာဧပရားကျေးရွာအုပ်စုတွေမှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်နေတယ်။ ရာဧပရားအုပ်စုမှာ သေတာတွေရှိတယ်။ ဟိုယာမှာလည်း လူအများကြီးဖြစ်တယ်။ ကာလဝမ်းရောဂါက အရမ်းအန္တရာယ်များတယ်လေ။ ကူးစက်လွယ်တယ်” ဟု ဟိုယာ​ဒေသခံ ​ကေဖိုးအီက ​ပြောသည်​။

ဖရူဆိုမြို့နယ်​အတွင်​းရှိ ​ဒေါလာ​စောအုပ်​စုတွင်​လည်​း ၎င်း​ရောဂါဖြစ်​ပွား​နေပြီး လူနာအချို့မှာ ​ဆေးရုံသို့တက်​​ရောက်​ကုသ​နေ​ကြောင်​းသိရသည်​။

ဖရူဆိုမြို့နယ်​မှ အုပ်​ချုပ်​​ရေးမှူးက “သေတယ်​ဆိုတာ​တော့ မဟုတ်​ပါဘူး ကျန်​းမာ​ရေးတို့က ကု​နေပါတယ်​ စိုးရိမ်​စရာမရှိပါဘူး” ဟု ​ပြောခဲ့သည်​။

သို့​သော်​ ​ယိုစူပရားအုပ်​စုအတွင်​းတွင်​ လူနာ(လူကြီး)နှစ်​ဦးသည်​ ဝမ်​းပျက်​ဝမ်​း​လျော​ရောဂါ​ကြောင်​့ ​သေဆုံးခဲ့ကြ​ကြောင်​းသိရသည်​။

ဟိုယာ​ကျေးရွာတွင်​လည်​း ​ရောဂါဖြစ်​ကာ ​ဆေးရုံတွင်​ ယ​နေ့ထိ သူနာပြုတစ်​ဦးသာ ရှိ​နေ​ကြောင်​း ​ဒေသခံများထံမှသိရသည်​။

“မဖြစ်​ပါဘူး။ ရာဧပရားတစ်​ရွာထဲပါ ၊ ဟိုယာလည်​းနည်​းပါတယ်​၊ ရာဧပရားတစ်​ရွာတည်​းဆိုတာက သူတို့ရွာက ​တောင်​ကျ​ချောင်​း​​ရေရှိတာကိုး သိတယ်​မလား အဲ့​ရေကိုပဲ သူတို့​သောက်​တယ်​​လေး …”ဟု ​ဖရူဆိုမြို့နယ်​အုပ်​ချုပ်​​ရေးမှူးက​ပြောသည်​။

၎င်းအုပ်​စုတွင်​ နှစ်​တိုင်​းလိုလို ဝမ်​း​ပျက်​ဝမ်​း​လျေ​ာရောဂါဖြစ်​ပွားတတ်​ပြီး​ကျေးရွာများ၏ ဓ​လေ့မှာ ဖျားနာလျင်​ ​ဆေးခန်​း ​ဆေးရုံသို့သွားရန်​ အသိပညာဗဟုသုတမရှိကြပဲ ကိုယ်​့အိမ်​တွင်​သာ ​နေထိုင်​ကြပြီး သက်​သာလျင်​ ၎င်းတို့လုပ်​ငန်​းခွင်ပြန်​ဝင်​ကြပြီး မသက်​သာလျင်​အသက်​ဆုံးရှုံးကြရသည်​သာရှိသည်​။

ယခုလို တိုးတက်​​နေသည်​့​ခေတ်​တွင်​ပင်​ ​ကျေးရွာများတွင်​း ဝမ်​းပျက်​ဝမ်​း​လျော​ရောဂါများ ဖြစ်​ပွားမှုနှုန်​း​လျော့ကျ​အောင်​ ​ဆောင်​ရွက်​​ပေးရန်​လိုအပ်​​နေပြီဖြစ်​​ပေသည်​။

အချို့လူနာများ မြို့​ပေါ်တွင်​ သွား​ရောက်​အနားယူပြီး ​ဆေးကုသမှုခံယူ​နေကြ​ကြောင်​း သိရသည်​။

ဝမ်​းပျက်​ဝမ်​း​လျော​ရောဂါ ၎င်းတို့​ဒေသတွင်​း ဖြစ်​ပွား​နေသည်​မှာ တစ်​ပတ်​ခန်​့ရှိပြီဖြစ်​​ကြောင်​း အုပ်​ချုပ်​​ရေးမှူးက ​ပြောသည်​။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...