အိမ်တိုင်း အိမ်ထောင်စု မိတ္တူ ပေးရန် မြန်မာစစ်တပ် ညွှန်ကြား

အိမ်တိုင်း အိမ်ထောင်စု မိတ္တူ ပေးရန် မြန်မာစစ်တပ် ညွှန်ကြား
by -
ကေအဲန်ဂျီ
တနိုင်းမြို့နယ် ဘက်တွင် တိုက်ပွဲ ပြင်းထန်နေစဉ် မိုးကောင်း-ဖားကန့် လမ်းမပေါ် ကျေးရွာများ မိသားစုတိုင်း အိမ်ထောင်စု မိတ္တူ ပေးရန် မြန်မာစစ်တပ် ကားမိုင်း စစ်ဗျူဟာစခန်းမှ ယနေ့ ညွှန်ကြားလိုက်သည်။

ကားမိုင်း မြို့မ၊ Kawng Ra၊ Htoi San Yang ကျေးရွာများတွင် အိမ်ထောင်စု မိတ္တူ ပေးရန် သက်ဆိုင်ရာ ရပ်ကွက် ခေါင်းဆောင်များကို လက်ရှိ တပ်မ ၁၀၁ တပ်ဖွဲ့များ ရှိနေသည့် ကားမိုင်း ဗျူဟာကုန်းမှ ညွှန်ကြားခြင်း ဖြစ်သည်။ ဒီအကြောင်း နာမည် မဖော်လိုသူ ဒေသခံ တဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“ဘာအကြောင်းကြောင့်လဲ ဆိုတာ မသိဘူး။ ဒါမဲ့ အခု ကားမိုင်း ၀န်းကျင် Kawng Ra၊ Htoi San Yang၊ မြို့မ ဒီက အိမ်ထောင်စု စာရင်း အားလုံးကို မိတ္တူကူးပြီး ပေးရန် ဗျူဟာကုန်းက တောင်းထားတယ်။ ဒါ့အပြင် ခရီး အသွား အပြန် ရှိရင်လည်း ဘယ်နေရာကို သွားတယ် ဆိုတာ ဒီအထိ လုပ်ခိုင်းတယ်။”

ယခုလို မြန်မာ စစ်တပ်၏ လုပ်ရပ်သည် ဒေသခံများပေါ် စစ်ရေးအရ ခြိမ်းခြောက်လာသည့် လုပ်ရပ် တခု ဖြစ်နိုင်သည်ဟု ဒေသခံ စစ်ရေးလေ့လာသူများ ပြောပါသည်။

ယခင် စစ်အစိုးရ ခေတ်တွင် မှတ်ပုံတင် နှင့် အိမ်ထောင်စု စာရင်း ကို အမြဲလိုလို တင်းတင်း ကြပ်ကြပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ယခု ထပ်ပြီး ထိုစနစ်ကို ကချင်ပြည်နယ်တွင် ပြန်၍ ကျင့်သုံး လာခြင်းဖြစ်သည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...