နယ်စပ်မှတ်တိုင်ကို သွားရောက်စစ်ဆေးရန် ပြည်နယ်အစိုးရမှ ကေအဲန်ပီပီကို ခွင့်တောာင်းထား

နယ်စပ်မှတ်တိုင်ကို သွားရောက်စစ်ဆေးရန် ပြည်နယ်အစိုးရမှ ကေအဲန်ပီပီကို ခွင့်တောာင်းထား
by -
ကန္တရဝတီ
ရှားတောမြို့နယ်မှ အုပ်ချုပ်ရေးမှူး၊ သစ်တောဌာနနှင့် မြေတိုင်းဌာနတို့ပူးပေါင်းပြီး နယ်စပ်မှတ်တိုင်ကို ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သုံးလတစ်ကြိမ် နယ်စပ်မှတ်တိုင်ကို သွားရောက်စစ်ဆေးခွင့်ပြုနိုင်ပါရန် ကေအဲန်ပီပီဆက်ဆံရေးရုံးသို့ ခွင့်တောင်းခဲ့ကြောင်း သိရသည်။

ထိုသို့ခွင့်တောင်းခံရာ ကေအဲန်ပီပီဘက်က ဗဟိုသို့တင်ပြပြီးမှ ခွင့်ပြုပေးနိုင်မည်ဟု ပြန်လည်ဖြေကြားထားကြောင်း သိရသည်။

“တင်ပြထားတော့ ကျွန်တော်တို့ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်မှာကလည်း လောလောဆယ်ခွင့်မပြုသေးဘူး ဒါပေမယ့် မနေ့က အဲ့ဒီကိစ္စနဲ့ ကျွန်တော်တို့အစိုးရနဲ့ တွေ့တယ်လေး၊ တွေ့တော့ နည်းနည်းလေးစောင့်ပါဦး ကျွန်တော်တို့ဗဟိုက လူကြီးတွေနဲ့ တင်ပြပြီးတော့မှ ဗဟိုကခွင့်ပြုချက်ရမှ သွားပေါ့လို့ ကျွန်တော်တို့ ပြောလိုက်တယ်” ဟု လွိုင်ကော်မြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညေးရယ်က ပြောသည်။

ဇွန်လ ၆ ရက်နေ့က ကေအဲန်ပီပီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့စဉ်တွင် ၎င်းကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

BP(9)တွင် စိုက်ထူထားသည့် နယ်စပ်မှတ်တိုင်သည် ရွဲ့စောင်းခြင်း၊ မြေကျွံခြင်းစသည်တို့ဖြစ်လျှင် မြေတိုင်းဦးစီးတို့နှင့် သေချာတိုင်းပြီး ပြန်သတ်မှတ်ရန် လိုအပ်သောကြောင့် ယခုလိုခွင့်တောင်းခြင်းဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံနယ်စပ်အမှတ်အသား၊ နယ်မြေအပိုင်းအခြားသည် နှစ်နိုင်ငံအတွက် အရေးကြီးနေသောကြောင့် ၎င်းတို့အနေဖြင့် သုံးလတစ်ကြိမ်သွားရောက်စစ်ဆေးရန် ဖြစ်ကြောင်း သိရသည်။

၎င်းတို့တင်ပြချက်အပေါ် ကေအဲန်ပီပီအနေနှင့်လည်း ဗဟိုသို့တင်ပြပြီး ခွင့်ပြုပေးနိုင်လျှင် ပြန်လည်အကြောင်းပြန်မည်ဖြစ်ကြောင်း၊ ကေအဲန်ပီပီအနေနှင့် ချက်ချင်းခွင့်မမပြုပေးနိုင်သည်မှာ အဲန်စီအေ ထိုးခြင်းမထိုးခြင်းနှင့် မသက်ဆိုင်ကြောင်း ဦးညေးရယ်က ဆက်ပြောသည်။

ယခင်က သွားရောက်စစ်ဆေးရန်မှာ တစ်စုံတစ်ရာခွင့်တောင်းခြင်းမရှိခဲ့ဖူးကြောင်း သိရပါသည်။ သို့သော် ယခုသွားရောက်စစ်ဆေးရန်မှာရှားတောမြို့နယ်ဘက်ရှိ ဘီပီ(9)အပြင် အခြား မှတ်တိုင်များထိပါ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...