ဝန်ခံကတိမထိုးဘဲ တပ်မြေ မစိုက်ပျိုးရ

ဝန်ခံကတိမထိုးဘဲ တပ်မြေ မစိုက်ပျိုးရ
by -
ကန္တရဝတီ
တပ်သိမ်းဆည်းထားသည့် မြေယာများကို ပြန်လည်စွန့်ပေးရန် တောင်သူများက ယခုအစိုးရသစ်တက်လာပြီး ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်အတွင်း စာဖြင့် ရေးသားတင်ပြကာ အသနားခံ တင်ပြ တောင်းဆိုနေကြသည်ကိုတွေ့နေ မြင်နေရပါသည်။

၁၉၉၀-၉၁ ခုနှစ်တွင် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စုအတွင်း ခလရ (၂၅၀) တပ်ရင်း ၊ ခလရ ( ၂၆၁) တပ်ရင်း ၊ အမတအမှတ် (၃၅၆) တပ်ရင်းနှင့် ရာထားတပ်များဖြစ်သော GE ဆက်သွယ်ရေးတပ်တို့သည် ကျေးရွာ ၉ ရွာများမှ တောင်သူများ၏ တောင်ယာမြေများကို သိမ်းဆည်းခဲ့ပါသည်။

၎င်းတပ်မြေဧရိယာအတွင်း စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်လျက်ရှိသည့် လွိုင်ကော်မြို့နယ်မှ တောင်သူများသည် နိုင်ငံတော် သမ္မတနှင့် ဌာနအသီးသီးသို့ ၎င်းတို့တောင်ယာ မြေများအား ပြန်လည်ပေးအပ်ရန် အသနားခံ တင်ပြ လျှောက်ထားလျက်ရှိသည်ဟု သိရသည်။

အမှတ် (၂၆၁) တပ်ရင်းမှ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသော လယ်ယာမြေစုစုပေါင်းမှာ ၈၁၃ ဧကဖြစ်ပြီး တပ်ရင်းမှ အသုံးပြုသော မြေစုစုပေါင်း ၁၂၀ ဧကသာရှိကြောင်း တောင်သူများ၏ အသနားခံ လျှောက်ထားသည့် အချက်အလက်အရ သိရပါသည်။

ယင်းအနက်တောင်သူများ ယခင်က သီးစားချခံထားရသော လယ်ယာမြေများမှာ ကျေးရွာ ၉ ရွာ၏ လယ်ယာမြေများဖြစ်ပြီး သီးစားချခံလုပ်ကိုင်နေသော လယ်ယာမြေမှာ ၆၉၃ ဧက ဖြစ်သည်ဟုဆို ဆိုထားပါသည်။

အမှတ် (၂၅၀) တပ်ရင်းနှင့် အမှတ် (၃၅၆)တပ်ရင်းမှလည်း တပ်ပိုင်မြေများအဖြစ် သိမ်းဆည်းထားသော လယ်ယာမြေစုစုပေါင်းမှာ ၁၂၉၄ ဧကဖြစ်ပြီး တပ်ရင်းမှ အသုံးပြုသော မြေမှာ ၆၆၈ ဧကသာရှိကြောင်း ပါရှိပါသည်။

ယင်းမြေအနက် တောင်သူများယခင်က သီးစားချခံထားရသော လယ်ယာမြေစုစုပေါင်း ဧကမှာ ရ၁၈.၈၂ ဧက ဖြစ်ဖြစ်သည်။

၎င်းမြေယာများကိုသိမ်းဆည်းပြီး တောင်သူထံ သီးစားချထားခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်ဟု သိရသည်။

ထို့နောက်တွင် သီးစားမချတော့ပဲ နားလည်မှုနှင့် လုပ်ကိုင်နေရသည့်အနေအထားတခုတွင် ဖြစ်လာပြီး ယခုအခါ စိုက်ပျိုးလုပ်ကိုင်လိုပါက ဝန်ခံကတိထိုးရမည်ဖြစ်လာသည်။

တဖက်တွင်လည်း တောင်သူများဘက်က နိုင်ငံတော်ပြန်တမ်းတွင် တပ်မတော်မှ အသုံးမပြု ၊ အသုံးမလိုသော မြေများအား (၁၆)နှစ် ကျော်ပါက သက်ဆိုင်ရာမှတဆင့် လုပ်ထုံးနှင့်အညီ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း ပါရှိသည်ဟု ဆိုကာ ဥပဒေနှင့်အညီ တင်ပြလျှောက်ထားလျက်ရှိသည်ကိုတွေ့ရပါသည်။

သို့သော် တပ်ဘက်မှ ပြန်လည်မစွန့်လွှတ်သည့်အပြင် တပ်မြေဧရိယအတွင်း စိုက်ပျိုးမည့် တောင်သူများ တစ်ရာသီစိုက်ပျိုးလုပ်ကိုင်ခွင့် ဝန်ခံကတိပြုချက်ဖြင့် လက်မှတ်မထိုးဘဲ စိုက်ပျိုးလုပ်ကိုင်ပါက တရားစွဲမည်ဟု လွိုင်ကော်မြို့ရှိ အမှတ် ၂၅၀ ခြေလျင်တပ်ရင်းက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးစာ အကြောင်းကြားထားချက်အရ ဒေသခံ တောင်သူများထံမှ သိရသည်။

“ ပြီးခဲ့တဲ့အရင်ကတုန်းကတော့ တချို့ထိုးတယ် ၊ တချို့မထိုးဘူူး။ အခုဆို မြောင်းလိုက်ထိုးလိုက်တယ်။ သူတို့ဧရိယာဆိုပြီးတော့ပေါ့။ မြောင်းတူးတာကျော်သွားတယ်။ ကျောင်သွားတဲ့လမ်းအနောက်ဘက်ကဆိုရင် ပုံစံ ရ တချို့ရှိတယ်။” ဟု မြေနီကုန်းကျေးရွာမှ တောင်သူ ကိုဦးရယ်က ပြောသည်။

တပ်မတော်ဘက်မှလည်း တောင်သူများအတွက် စိုက်ပျိုးမြေများ အဆင်ပြေစေရန် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်မတ်လအထိတွင် ကယားပြည်နယ်အတွင်း တပ်စွန့်လွှတ်မြေများ ပြုလုပ်ပေးခဲ့သည်လည်းရှိခဲ့ပါသည်ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက မေလ ၂၅ ရက်နေ့က ပြည်နယ်အစိုးရရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ပါသည်။

“ကျနော်တို့ပြန်လည်စွန့်လွှတ်လိုက်သည့် မြေဧရာသည်ကယားပြည်နယ်အတွင်းမှာ ရဲတပ်ဖွဲ့အပါအဝင် တပ်ရင်းတပ်ဖွဲ့ ဆယ်ခုကနေပြီး စွန့်လွှတ်မြေ ၃၈၁၂.၉၁ ဧက ရှိပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်မတ်လအထိဖြစ်နောက်ဆုံးပေးထားတဲ့အဖြေဖြစ်ပါတယ်။ တောင်သူ ၉၈၃ ဦးရဲ့ စိုက်ပျိုးမြေ ဧက ၃၀၁၆. ၁၈ ဧကဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီစွန့်လွှတ်မြေနဲ့ စိုက်ပျိုးမြေကွားခြားလဲဆိုတာ ကွာခြားချက်က ရ၉၆.၁၁ ဧက ရှိပြီး စွန့်လွှတ်ပေးသော်လည်း တောင်သူများစိုက်ပျိုးမရတဲ့ ကျောက်တောင်များ ၊ ချောင်းများ၊ လျိုများ ဒါတွေကြောင့် ကွာခြားနေတာဆိုတာကို ဖော်ပြလိုပါတယ်။” ဟု ဗိုလ်မှူးကြီး မြင့်ဝေက ပြောပါသည်။

ချိကယ်ကျေးရွာအုပ်စုအတွင်းတွင် စွန့်လွှတ်လိုက်သည့်မြေယာတွင် လွယ်တမူဘက်၌ ဖြစ်သည့်အတွက် ၎င်းမြေယာများသည် ထပ်မံတိုးချဲ့သိမ်းဆည်းထားသည့်မြေယာများသည်ဖြစ်သည်ဟု ဒေသခံ တောင်သူဦးကြီး တစ်ဦးက ပြောပါသည်။

“အဲဒီလွယ်တမူဘက်ကိုတော့ပြန်စွန့်လွှတ်ပေးပါတယ်။အဲဒီမြေယာတွေက သူတို့အစကတည်းကသိမ်းထားတာမဟုတ်ဘူး နောက်မှ ထပ်တိုးထပ်တိုးပြီး ချဲ့လာခဲ့တယ်မြေပါ။ အဲဒါကိုပဲ ပြန်ပေးတဲ့အထဲပါတာပါ။” လို့ ၎င်းဒေသခံ တောင်သူဦးကြီးက ပြောပါသည်။

တရားဝင်လုပ်ကိုင်ခွင့်မရသည့်အတွက် တောင်သူများအနေဖြင့် တရားဝင်စိုက်ပျိုးရေးစရိတ် ချေးငွေမရခြင်း ၊ တစ်နှစ်နှင့်တစ်နှစ် စိုက်ပျိုးရေးစရိတ် ခက်ခဲခြင်းတို့ဖြင့် ရင်ဆိုင်နေရသည်ဖြစ်ရာ လယ်ယာမြေများအား တရားဝင် ပြန်လည်အပ်နှင်းပေးပါရန် ဒေသခံတောင်သူများက ပြောဆိုနေကြပါသည်။

ကယားပြည်နယ်အတွင်း တပ်မတော် ၊ ကုမ္မဏီ ၊ နှင့် ဌာနဆိုင်ရာများ၏ မြေယာသိမ်းဆည်းမှုအခြေအနေ ခန်းမှန်းဧက ကျန်ရှိသည့် ဧကပေါင်း ၁၇၀၃၄.၅၂ ဧက ရှိနေသေးသည်ဟု ကရင်နီပြည်တောင်သူများ သမ္မဂ အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ယခု ၂၀၁၇ ခုနှစ်အတွင်း မည်သည့် တပ်မြေမှ စွန့်လွှတ်မည်ဆိုသည်ကို မကြားသိရသေးပဲ စိုက်ပျိုးမည်ဆိုပါက သက်ဆိုင်ရာ တပ်ရင်းနှင့် ဝန်ခံကတိထိုးရမည် ဆိုသည့် အခြေအနေသာ ရှိနေပါသေးသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...