ယနေ့ လီဒိုလမ်းမပေါ် ၂ နေရာ၊ Nambyu ဘက်မှာ တိုက်ပွဲဖြစ်

ယနေ့ လီဒိုလမ်းမပေါ် ၂ နေရာ၊ Nambyu ဘက်မှာ တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
ယနေ့ မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၁၄) ကြား လီဒိုလမ်းမပေါ် အနည်းဆုံး ၂ နေရာ နှင့် Nambyu ပယင်းမှော် N’Ga Ga ရွာ အနီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ KIA တပ်ရင်း (၁၄) ထိန်းချုပ် နယ်မြေ N’Ga Ga ရွာ အနီး ၀င်ရောက်လာသော မြန်မာစစ်တပ်နှင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားပြီး တပ်မတော် စစ်ကူများ ပြန်ရောက်လာခြင်းကြောင့် ယနေ့ မိုးချုပ်ချိန်ထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောပါသည်။ လီဒိုလမ်းမ ပေါ်မှာလည်း Namti နှင့် Dumbung ကြား Loili Yang ရွာ အနီးမှာ နှစ်ဖက် အချိန်တို ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများ ဆိုပါသည်။ နှစ်ဖက် ထိခိုက် သေဆုံးမှု သတင်းကို မသိရသေးပါ။ ဟူးကောင်းချိုင့်ဝှမ်း ပယင်းမှော်နှင့် ရွှေမှော်များ ရှိသည့် KIA တပ်ရင်း ၁၄ နယ်မြေ သို့ မြန်မာ စစ်ကြောင်းများ ထိုးစစ်ဆင်လာခြင်းကြောင့် ဇွန် (၃) ရက်နေ့မှ တိုက်ပွဲ တဖန်ဖြစ်ပွားလာခြင်း ဖြစ်သည်။ မြန်မာ စစ်တပ်ဘက်မှာ နေပြည်တော် သစ္စာခံ ရှမ်းနီပြည်သူ့စစ် နှင့် လီဆူ ပြည်သူ့စစ် များလည်း ပါကြောင်း KIA သတင်းမှာ ဖော်ပြပါသည်။ တိုက်ပွဲ ဖြစ်ပွားနေချိန် KIA တပ်ရင်း (၁၄) နယ်မြေရှိ ပယင်းမှော်၊ ရွှေမှော် များရှိ ပြည်သူများ အားလုံး ‘ဇွန် (၁၅) ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန်’ တပ်မတော် လေယာဉ်များက ဇွန် (၅)ရက်နေ့ သတိပေး စာများ ကြဲချခဲ့သည်။ ယင်းနောက် ဟူးကောင်ချိုင့်ဝှမ်း KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း (၆)၊ တပ်ရင်း (၁၁) နှင့် တပ်ရင်း (၁၄) တို့ကလည်း ဇွန် (၁၀) ရက်နေ့မှ စပြီး မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမ နှင့် မိုးကောင်း-ဖားကန့် လမ်းမ တွင် ‘ည ခရီးသွားခြင်း လုံးဝ မပြုရန်’ အချိန် ကန့်သတ်လိုက်သော သတိပေး ကြေညာချက်များ အသီးသီးကို ထုတ်ပြန်ခဲ့သည်။ တပတ်ကျော် တိုက်ပွဲကြောင့် ဒုက္ခသည် ရာပေါင်းများစွာသည် အစိုးရထိန်းချုပ်သည့် တနိုင်းမြို့ဘက် ထွက်ပြေး လာနိုင်ကြသည်။ သို့သော်လည်း Nambyu KIA ထိန်းချုပ်ဒေသမှ ရွာသား ၁၀၀၀ ကျော်သည် တနိုင်းဘက် ခေါ်ထုတ်ရန် အစိုးရမှ ခွင့်မပြုသောကြောင့် နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေကြောင်း ခရစ်ယာန် စစ်ရှောင် ကူညီရေး အဖွဲ့များ ဆိုပါသည်။ ယနေ့ အထက်မြန်မာပြည် ကချင်ပြည်နယ်၊ ကချင်ဒေသ တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားသည့် ၆ နှစ်ပြည့် နေ့ ကို ပြည်တွင်း ပြည်ပ ကချင်အမျိုးသားများ အထိန်းအမှတ် လှုပ်ရှားမှု အစီစဉ်များ ကျင်းပစဉ် ဟူးကောင်း ဒေသတွင် မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲ ပြင်းထန်လာခြင်း ဖြစ်သည်။
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...