တိုက်ပွဲတွင် ပိတ်မိသည့် ဒုက္ခသည် ၄၀၀ ကျော် ကို အသင်းတော်များ ခေါ်ထုတ်

တိုက်ပွဲတွင် ပိတ်မိသည့် ဒုက္ခသည် ၄၀၀ ကျော် ကို အသင်းတော်များ ခေါ်ထုတ်
by -
ကေအဲန်ဂျီ
ဟူးကောင်းဒေသ ပယင်းမှော်၊ ရွှေမှော်များအတွင်း တဖန်ပြန်ပြင်းထန်လာသော တိုက်ပွဲကြား ပိတ်မိနေသည့် စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို ယမန်နေ့ ဇွန် ၆ ရက်နေ့ အသင်းတော်များ ဦးဆောင်ပြီး တနိုင်းမြို့ကို ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သိရသည်။

နမ်ဘရူ (Nambyu)၊ နမ့်ခမ်း (Namhkam) ကျေးရွာများနှင့် ပယင်းမှော်များရှိ အစိုးရ တပ်မတော် တာဝန်ရှိသူများ နှင့် ညှိနှိုင်းပြီး ခေါ်ထုတ်ယူနိုင်ခြင်း ဖြစ်ကြောင်း အသင်းတော်ကူညီရေးအဖွဲ့မှ သိရသည်။

သို့သော်လည်း စစ်ရှောင်ပြည်သူများအား တနိုင်းမြို့ကို ခေါ်ထုတ်စဉ် မြန်မာစစ်တပ်က 'ဝန်ကြီးချုပ်အမိန့် အရ' ဆိုကာ စစ်ပြေးဒုက္ခသည်များကို မှတ်ပုံတင် နှင့် ပစ္စည်းများ စစ်ဆေးမှု နေရာ (၄)ခုမှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Kachin IDPs flee to Danai on 6jun17

အဆိုပါ အကြောင်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က 'ဝန်ကြီးချုပ် သူကိုယ်တိုင်ပင် မသိသည့်အပြင် အမိန့်ပေးခြင်းလည်း မရှိကြောင်း' ပြောသည်ဟု အသင်းတော် သတင်းရပ်ကွက် မှ သိရသည်။

စစ်ရှောင်များကို ယခုလို စစ်ဆေးမှုများသည် မသင့်တော်သည့် လုပ်ရပ်ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများကြား ပြောဆိုနေကြပါသည်။

ဇွန် ၃ ရက်မှ စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေကို အစိုးရတပ်မတော်က ထိုးစစ် ဆင်လာသောကြောင့် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။ လီဆူ ပြည်သူ့စစ် နှင့် ရှမ်းနီ ပြည်သူ့စစ်များလည်း မြန်မာစစ်တပ်ဘက် ပါဝင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ပယင်းမှော် နှင့် ရွှေမှော်များရှိ ပြည်သူများကိုလည်း ဇွန် ၁၅ ရက်နောက်ဆုံးထား ထွက်ခွာသွားရန် တပ်မတော်က လေယာဉ်ပေါ်မှ စာ ဖြန့်ကြဲ သတိပေးထားကြောင်း သိရသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...