ပယင်းမှော် KIA တပ်ရင်း ၁၄ မိုင်ဆာစခန်း ကို မြန်မာစစ်တပ် သိမ်းပိုက်

ပယင်းမှော် KIA တပ်ရင်း ၁၄ မိုင်ဆာစခန်း ကို မြန်မာစစ်တပ် သိမ်းပိုက်
by -
ကေအဲန်ဂျီ
တနိုင်း ပယင်းမှော်ရှိရာ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ မိုင်ဆာ ရှေ့တန်းစခန်း တစ်ခုကို မြန်မာစစ်တပ်က အင်အားသုံးပြီး ထိုးစစ် ဆင်လာသောကြောင့် ဇွန် ၃ ရက်၊စနေနေ့မှာ နောက်ဆုတ်ပေးခဲ့ပြီ ဖြစ်သည်။

စနေနေ့မနက် ၂ နာရီက စပြီး အစိုးရစစ်တပ်က လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခဲ့သည့်အတွက် ညနေပိုင်းမှာ KIA က အဆိုပါ ရှေ့တန်းစခန်းကို ဆုတ်ခွာပေးခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ယခုလို Nambyu ချောင်းအနီး KIA တပ်ရင်း ၁၄ ကို တိုက်ခိုက်ရာမှာ အစိုးရတပ်ဘက်မှ ဒေသခံ လီဆူ ပြည်သူ့စစ် နှင့် ရှမ်းနီ ပြည်သူ့စစ်များလည်း ပါဝင်ကြောင်း သိရသည်။

တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေပြီ ဖြစ်သော်လည်း ပယင်းမှော်၊ ရွှေမှော်များနှင့် ၎င်းပတ်ဝန်းရှိ ပြည်သူများ သိသိသာသာ တိမ်းရှောင်း သွားမှုများ မရှိသေးကြောင်း သိရသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...