Published
Monday, August 09, 2021
ရခိုင်စစ်ဘေးရှောင်တွေ အငတ်ဘေးကျရောက်နိုင်တဲ့အထိ ရိက္ခာပြတ်တောက်နေပြီလို့ စခန်းတာဝန်ခံနဲ့ စစ်ဘေးရှောင်ပြော (ဩဂုတ်လ ၀၈၊ ၂၀၂၁)
ရခိုင်မှာ အိမ်ပြင်မထွက်ရ Stay at Home ကာလကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)က (၂)ပတ်ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ လုံခြုံရေးနဲ့ ကိုဗစ်ကာကွယ်ရေးအတွက်လို့ဆိုပြီးတော့ နေ့/ညလှည့်ကင်းတွေဆောင်ရွက်ပြီး ဧည့်စာရင်းလည်း စစ်တော့မယ်လို့ ပြည်နယ်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
ရခိုင်က စစ်ဘေးရှောင်တွေ အငတ်ဘေးကျရောက်နိုင်တဲ့အထိ ရိက္ခာတွေပြတ်တောက်နေပြီလို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။






