အာဏာသိမ်းစစ်အုပ်စုမှ ‘အိမ်စောင့်အစိုးရ’ ဖွဲ့စည်းမှုအပေါ် ကချင်တက်ကြွလှုပ်ရှားသူများ၏ အသံ

အာဏာသိမ်းစစ်အုပ်စုမှ ‘အိမ်စောင့်အစိုးရ’ ဖွဲ့စည်းမှုအပေါ် ကချင်တက်ကြွလှုပ်ရှားသူများ၏ အသံ

အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် အာဏာသိမ်းပြီး ၆ လအကြာတွင် ‘အိမ်စောင့်အစိုးရ’ အဖြစ် ဖွဲ့စည်းကာ ၂၀၂၃ နှစ်အထိ အုပ်ချုပ်သွားမည်ဟု ဩဂုတ် ၁ ရက်နေ့က ပြောဆိုခဲ့သည်။

သို့သော် အာဏာသိမ်းစစ်တပ်ကအုပ်ချုပ်မည့် မည်သည့်အခြေအနေကိုမဆို လက်မခံကြောင်း ကချင်လူထု၏အသံကို တင်ဆက်ထားပါသည်။

ဒေါ်မွန်းနေလီ (KWAT) - ပြောရေးဆိုခွင့်ရှိသူ၊ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ

“ဒါက အရင်ကတည်းက အချိန်ကြာ သူတို့ ပြင်ဆင်ထားခဲ့ပြီးဖြစ်တယ်။ ဖေဖော်ဝါလ ၁ ရက်နေ့မှ အာဏာစသိမ်းလိုက်ပြီး သူတို့ရဲ့အာဏာတည်မြဲဖို့ ခိုင်မြဲဖို့ လုပ်ဆောင်သွားတာဖြစ်တယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အခုအိမ်စောင့်အစိုးရပဲပြောပြော ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ပဲပြောပြော ဘယ်လိုပဲပြောပြော စစ်တပ်ရဲ့ ကောက်ကျစ်ယုတ်မာမှုနဲ့ လုပ်ဆောင်သွားတဲ့အရာမှန်သမျှဟာ သူတို့ အာဏာမြဲအောင် ပြုလုပ်နေမှုသာဖြစ်တယ်။

ဒါကြောင့်အဓိက ကျမတို့အမျိုးသမီးတွေဖက်ကပြောမယ်ဆိုရင် လုံခြုံရေးအတွက် အရမ်းစိုးရိမ်ဖွယ်ဖြစ်လာတယ်။ ဒါကြောင့် ဒီလိုမျိုးကို လုံးဝကန့်ကွက်ပါတယ်။ ဒီမိုကရေစီ မရတဲ့အပြင် စစ်ဖိနပ်အောက် ရောက်အောင် လုပ်လိုက်တယ်။ ဖိနှိပ် နင်းခြင်းခံရမယ်ဆိုတာ ပိုသိသာလာတယ်။ ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေးပန်းတိုင်ကို မရောက်အောင် သူတို့အနေနဲ့ တားဆီးပိတ်ပင်လိုက်တဲ့ စီမံကိန်းကြီးတစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။”

ဦးလမာနော်အောင် (အနိုင်ရလွှတ်တော်ကိုယ်စားလှယ်၊ KSPP ပါတီ)

“ခွေးက ခွေးဘဲ။ ပြည်သူတွေက ခွေးကိုတော့ ခွေးလိုပဲမြင်မှာဘဲ။ နာမည်သာပြောင်းလဲတာ ခွေးအဖြူ၊ အမည်း၊ ခွေးထီး ခွေးမ ဒီလိုအရောင်အဆင်းသာပြောင်းလဲမယ်။ ခွေးက ခွေးပဲလို့မြင်တယ်။

သူတို့က အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုရရှိဖို့အတွက် ကြားလို့ကောင်းအောင် နာမည်ပြောင်းလိုက်တာဘဲရှိတယ်။ ယုံလို့ကို မရဘူး။ ပြည်သူတွေကို မျှော်လင့်ချက်ပေးရုံ သပ်သပ်ပဲ။ ၂၀၂၃ ရောက်သွားရင်လည်း နည်းအမျိုးမျိုးနဲ့ အာဏာကို ဆက်လက် ဆုပ်ကိုင်သွားလိမ့်မယ်။ ဒီအချိန်မှာ ကျနော်တို့ ပြည်သူတွေအနေနဲ့ စစ်တပ်က အခုလိုလုပ်ဆောင်လာတဲ့အခါ စိတ်ဓါတ်ခိုင်မာဖို့လိုနေပြီ။ မျက်စိပွင့် နားပွင့်ဖြစ်ရတော့မယ်။

စစ်တပ်က အခုလိုလုပ်တာကြောင့် ကျနော်တို့မြန်မာနိုင်ငံ အေးချမ်းခွင့်မရနေခြင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီအာဏာရှင်စနစ် စစ်တပ်ကိုအမြစ်ပျက်ခြေမှုန်းပြီး ပြန်လည်တည်ထောင်နိုင်မှ ကျနော်တို့အားလုံး လိုချင်တဲ့ အေးချမ်းသာယာတဲ့နိုင်ငံဖြစ်လာမှာဖြစ်တယ်။”

Jacob (ကချင်တက်ကြွလှုပ်ရှား လူငယ်တစ်ဦး)

“စစ်ကောင်စီဖြစ်ဖြစ် အိမ်စောင့်အစိုးရဖြစ်ဖြစ် နာမည်သာပြောင်းလဲလိုက်တယ်။ ဒီလူက ဒီလူပဲ။ ဒါကြောင့် ကျနော်တို့ လူငယ်တွေအနေနဲ့တော့ လက်မခံနိုင်ဘူး။ စက်တင်ဘာလ UN မှာ သူတို့အနေနဲ့တော့ တရားဝင်ထိုင်နိုင်အောင် ဒီလိုနည်းမျိုးစုံသုံးပြီး ပါဝင်နိုင်အောင်ကြိုးစားခြင်းသာဖြစ်တယ်။ သူတို့အနေနဲ့ ဒီလိုကြိုးစားပြောင်းလဲပြီး ပြုလုပ်နေပါစေ ဒီလူက ဒီလူပါပဲ။

 
 

 

 

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...