Published
Wednesday, July 28, 2021
စစ်ကောင်စီက ကန့်ကွက်ပေမဲ့လည်း ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းဆက်လက်လုပ်ဆောင်သွားမယ်လို့ KNU ပြော (ဇူလိုင်လ ၂၈၊ ၂၀၂၁)
ကိုဗစ်ရောဂါကို ထိန်းချုပ်ကာကွယ်ဖို့ (NUG) ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ ကို ဖွဲ့စည်းလိုက်ပါတယ်။
ကရင်ပြည်နယ် စစ်ကောင်စီက ကန့်ကွက်မှုတွေရှိပေမဲ့လည်း ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ KNU ကျန်းမာရေးဌာနဘက်က ပြောပါတယ်။
ကိုဗစ်ကြောင့် သွားလာရေးတင်းကြပ်လာတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကုန်ဈေးနှုန်းမြှင့်တက်လာမှုနဲ့ စခန်းတွင်းကုန်ပစ္စည်းနည်းပါးလာတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။






