မော်လမြိုင်တွင် ကြက်ဥဈေးနှုန်း မြင့်တက်လာ

မော်လမြိုင်တွင် ကြက်ဥဈေးနှုန်း မြင့်တက်လာ
ကြက်ဥရောင်းဝယ်ရေး
ကြက်ဥရောင်းဝယ်ရေး

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းမှာတော့ ဇူလိုင် ၁၃ ရက်ကစတင်ကာ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကြက်ဥဈေးနှုန်းတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်တစ်ချို့ ဈေးတက်လာခဲ့တာတွေရှိပေမယ့် ကြက်ဥဈေးနှုန်းကတော့ တော်တော်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကြက်ဥတွေဝယ်ကြတယ်။ ပြီးခဲ့တဲ့ရက်က ကြက်ဥဝယ်လို့မရတာတောင် ဖြစ်သွားတယ်။ ဈေးကလည်း တက်လာတာပေါ့။ ဒီဈေးတွေနဲ့ ပွဲရုံတန်း ပိတ်ပြီးထဲကပေါ့" လို့ မော်လမြိုင်မြို့ဒေသခံ မယမင်းက ပြောပါတယ်။

ယခင်က ကြက်ဥ (အသေး) တစ်လုံး ၁၀၀ ကျပ်၊ (အကြီး) တစ်လုံး ၁၅၀ ကျပ် ရောင်းဈေးရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခု ဇူလိုင် ၁၉ ရက်နေ့မှာတော့ ကြက်ဥရောင်းဝယ်ရေး ဈေးကွက်အတွင်းမှာတော့ ကြက်ဥ (အသေး) တစ်လုံး ၁၇၀ ကျပ်၊ အကြီးတစ်လုံး ၂၀၀ ကျပ်ဖြင့် ရောင်းချနေကြတာဖြစ်ပါတယ်။

မော်လမြိုင်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့အတွက် ဇူလိုင် ၅ ရက်ကစတင်ပြီး စည်ပင်သာယာဈေးတွေမှာ အခြေခံစားသောက်ကုန်ဆိုင်တွေကိုသာ ရောင်းချခွင့်ပေးခဲ့တာပါ။

အခြေခံစားသောက်ကုန်တွေကိုသာ အဓိကရောင်းချနေတဲ့ မော်လမြိုင်မြို့ ဈေးကြို ရတနာထွန်းပွဲရုံတန်းကိုတော့ ဇူလိုင် ၁၂ ရက်ကနေ ဇူလိုင် ၁၆ ရက်ထိ ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၇ ရက်‌နေ့အထိ ကိုဗစ်ပိုးတွေရှိ အတည်ပြုလူနာ ၄၀၀၀ နီးပါးရှိနေတာဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန စာရင်းတွေအရ ကိုဗစ်ကြောင့်သေဆုံးသူ ၂၀၀ ဦးထိ ရှိလာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week