Published
Friday, July 16, 2021
ကလေးမြို့အတွက် အမေရိကန်ဒေါ်လာ ၈သောင်းတန် Oxygenထုတ်လုပ်စက်တစ်ခု မိသားစုတစ်စုက ဝယ်ယူလှူဒါန်း (ဇူလိုင်လ ၁၆၊ ၂၀၂၁)
ချင်းပြည်နယ်မြောက်ပိုင်းမှာ Covid တတိယလှိုင်းကြောင့် သေဆုံးမှုများပြားလာပြီး အောက်စီဂျင်လုံလောက်မှုလည်းမရှိဘူးလို့ ဒေသခံပရဟိတအသင်းက ပြောပါတယ်။
ကလေးမြို့ပြည်သူလူထုအတွက် အမေရိကန်ဒေါ်လာ ၈ သောင်းတန် Oxygen ထုတ်လုပ်စက်ကြီးတစ်ခု မိသားစုတစ်စုက ဝယ်ယူလှူဒါန်းလိုက်ပါတယ်။
စစ်ကောင်စီနဲ့ CDF-Mindat တို့အကြား အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေ မကြာမီရက်ပိုင်းအတွင်းပြုလုပ်မယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုုပ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။






