KIA အနေဖြင့် လီဆူ မျိုးနွယ်စုများကို တရားဝင် တောင်းပန်ရန် ဆန္ဒပြ

KIA အနေဖြင့် လီဆူ မျိုးနွယ်စုများကို တရားဝင် တောင်းပန်ရန် ဆန္ဒပြ
by -
ကေအဲန်ဂျီ
လီဆူ မျိုးနွယ်စုများ သတ်ဖြတ်ခံနေရမှုပေါ် ကချင် လွတ်လပ်ရေး တပ်မတော် KIA က တရားဝင် ပြန် တောင်းပန် ရန် လီဆူ မျိုးနွယ်စုများ ယနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား မှာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို အစီစဉ် ဦးဆောင် သူ တစ်ဦးဖြစ်သူ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်းက ယခုလိုပြောသည်။

“ပထမ အချက်က ကျနော်တို့ လီဆူ လူမျိုးများကို စဉ်ဆက်မပြတ် လူမျိုးရေး ဦးတည်ချက်နဲ့ တိုက်ခိုက်လာတဲ့ KIA တွေကို ကျနေ်ာတို့ လူမျိုးနဲ့ ပြည်သူအပေါ် တရားဝင် ပြန်တောင်းပန်ရမယ်။ ဒုတိအချက်က နောက်နောင် ဒီလို မဖြစ်ပေါ်ဖို့အတွက် KIO/KIA ဗဟိုက ဒါကို တာဝန် ယူတယ်ဆိုတဲ့အတိုင်း ထုတ်ပြန်ဖို့အရေးကြီးတယ်။ တတိယအချက်က သေဆုံး သူများရဲ့ လူမှုရေး ကိစ္စများကို ဆောင်ရွက်ပေးဖို့ အဲဒီ ၃ ချက်ကို လိုလားတောင်းဆိုတာဖြစ်တယ်။”

မြစ်ကြီးနား၊ ဝိိုင်းမော် အနီး တစ်ဝိုက်က လီဆူ လူမျိုး ၂ ထောင်ခန့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ထိုအထဲတွင် ရှမ်းနီ လူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

ယမန်နှစ် အောက်တိုဘာလ မှာလည်း ကချင်ပြည်နယ်က ရှမ်းနီ၊ လီဆူ မျိုးနွယ်စု အများစုပါဝင်သည့် အစိုးရတပ်မတော်ကို ထောက်ခံပြီး KIA ကိုဆန့်ကျင်သည့် ဆန္ဒပြပွဲ မြစ်ကြီးနားတွင် ပြုလုပ်ခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲ ကာလအတွင်း လီဆူ၊ ရှမ်းနီ သာ မဟုတ်ဘဲ အခြား ပြည်သူများပါ အိုးအိမ် စွန့်ခွာ သေဆုံးမှုများ ရှိနေပြီး မည်သည့်လူမျိုးကိုမျှ ရည်ရွယ်သတ်ဖြတ်ခြင်း မရှိကြောင်း KIO ဘက်က ပုံမှန် ပြောဆိုမှုများ ရှိခဲ့သည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...