အဝေးသင်တက္ကသိုလ်သင်တန်းသားများ ဇူလိုင်လတွင် ကျောင်းအပ်လက်ခံသွားမည်

အဝေးသင်တက္ကသိုလ်သင်တန်းသားများ ဇူလိုင်လတွင် ကျောင်းအပ်လက်ခံသွားမည်

၂၀၂၁ ပညာသင်နှစ် အဝေးသင်တက္ကသိုလ်အသီးသီးမှ သင်တန်းသားများ ဇူလိုင်လလယ်ခန့်တွင်စတင်၍ ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းခြင်း၊ မေဂျာပြောင်းလဲခြင်းနှင့် စာစဉ်ထုတ်ယူခြင်းများ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်အဝေးသင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်တော့ ကျောင်းအပ်ဖို့ပဲ ညွှန်ကြားထားတယ်။ အခြားကျောင်းတက်ရက်တွေတော့ တိတိကျကျ ဘာမှမပြောလာသေးဘူး။ ရောဂါအခြေအနေတွေလည်း ရှိသေးတယ်ဆိုတော့” ဟု ဆိုသည်။

ယခင်ကျောင်းမပိတ်ခင် ကျောင်းအပ်နှံထားသူများသည် ပြန်လည်အပ်ရန်မလိုကြောင်းနှင့် စာစဉ်ဖြေဆိုပြီးသူများနေဖြင့် ယခင်စာစဉ်များကိုသာ အမှတ်ပေးသွားမည်ကြောင်း မော်လမြိုင်အဝေးသင်ဌာနခွဲမှ သိရသည်။

သိပ္ပံဘာသာရပ် (ပထမအသုတ်) ကို သင်တန်းကာလ၏ စနေနှင့် တနင်္ဂနွေရက်များတွင် တက်ရောက်စေပြီး အောက်တိုဘာလ ပထမအပတ်နှင့် ဒုတိယအပတ်တွင် စာမေးပွဲကာလဖြစ်ပြီး ဝိဇ္ဇာတွဲ (ဒုတိယအသုတ်) ကို အောက်တိုဘာလ တတိယအပတ်တွင် အနီးကပ် ၁၀ ရက် တက်ရောက်ရမည်ဖြစ်၍ စာမေးပွဲကာလကို နိုဝင်ဘာလပထမအပတ်တွင် ဖြေဆိုရမှာဖြစ်ကြောင်း အဝေးသင်ဌာနအသီးသီး၏ လျာထားထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ ဝိဇ္ဇာတွဲ (တတိယအသုတ်) ကိုလည်း နိုဝင်ဘာလ ဒုတိယအပတ်နှင့် တတိယအပတ်တွင် အနီးကပ်တက်ရောက်ရမည်ဖြစ်၍ စတုတ္တအပတ်တွင် စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရသည်။

မော်လမြိုင်အဝေးသင်တက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦးက “သိပ္ပံတွဲကနေစပြီးတော့ စဖွင့်သွားမယ်လို့တော့ကြားတယ်။ ကျောင်းတက်မတက်ဆိုတာက ကိုယ့်ရဲဆန္ဒနဲ့ကိုယ်ပေါ့နော်။ day သမားတွေတောင် တက်မဲ့သူမရှိဘူးဆိုတော့ အဝေးသင်လည်း နည်းမယ်ထင်တယ်” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်ရှိ နောက်ဆုံးနှစ်ကျောင်းသားများ ကျောင်းတက်ရန် မေလ ၅ ရက်တွင် ပြန်လည်ဖွင့်လိုက်သော်လည်း ကျောင်းသား၊ ကျောင်းသူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ တက်ရောက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ စတင်တွေ့ရှိခြင်းကြောင့် မော်လမြိုင်တက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ပထမနှစ်ဝက် စာမေးပွဲအားလုံးနှင့် အဝေးသင်သင်တန်း၏ ကိစ္စရပ်များအားလုံးကို ၂၀၂၀ ခုနှစ် မတ်လ (၂၄) ရက်နေ့က စတင်ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိ ကိုဗစ်တတိယလှိုင်း တစ်ကျော့ပြန်ကူးစက်မှုတွင်လည်း မော်လမြိုင်က္ကသိုလ်အတွင်း ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအပါဝင် စုစုပေါင်း တစ်ရာကျော် ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...