အစိုးရ စစ်တပ်၏ စစ်ကြောင်းများ လှုပ်ရှားမှု ကြောင့် တိုက်ပွဲပြန်ဖြစ်နိုင်သည့် အနေအထားရှိနေ

အစိုးရ စစ်တပ်၏ စစ်ကြောင်းများ လှုပ်ရှားမှု ကြောင့် တိုက်ပွဲပြန်ဖြစ်နိုင်သည့် အနေအထားရှိနေ
by -
ကန္တရဝတီ
ကယား(ကရင်နီ)ပြည်ရှားတောမြို့နယ်တွင်းရှိ ကရင်နီတပ်များလှုပ်ရှားရာ နေရာထဲသို့ အစိုးရတပ်များဝင်ရောက်လှုပ်ရှား နေသည့်အတွက် နှစ်ဘက်ပစ်ခတ်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း မေလ ၁၉ရက်နေ့မနက် ရှားတောဆက်ဆံရေးရုံးမှသတင်းပေးပို့ချက်အရသိရသည်။

ရှားတောဒေသအတွင်း အစိုးရတပ်များဝင်ရောက်နေချိန် တချိန်ထဲမှာပင် KNPP တပ်များနေထိုင်ရာ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဒေသဘက်တွင်လည်း အစိုးရစစ်ကြောင်းများစေလွှတ်လျက်ရှိသည်ဟုဆိုသည်။

ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့ရှိ KNPP ပင်မဆက်ဆံရေးရုံးအနီးတဝိုက်တွင်လည်း စစ်သားများက လက်နက်အပြည့်အစုံနှင့် သွားလာလှုပ်ရှားနေသည်ကို တွေ့ရကြောင်း တာဝန်ရှိသူတို့၏ပြောပြချက်အရသိသည်။

အဆိုပါ အစိုးရတပ်များလှုပ်ရှားမှုနှင့် ပါတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဗဟိုဌာနချုပ်ရုံးသို့ မေလ ၁၉ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့ရာ KNPP အထွေထွေ အတွင်းရေးမှူး ရွှေမျိုးသန့်က ယခုလိုဖြေကြားခဲ့သည်။

“ကေအဲန်ပီပီအနေနဲ့ တတ်နိုင်သလောက် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးကို ကျနော်တို့ဖက်က ချုပ်ဆိုထားတဲ့ စာချုပ်တွေအတိုင်း တောက်လျှောက်ထိန်းသိမ်းမယ်လို့ ကျနော်တို့ ပြောထားတာ ရှိပါတယ်။ တကယ်လို့သာ တစ်ဖက်ကတော့ စတင်တိုက်ခိုက်မယ်ဆိုရင်တော့ ကျနော်တို့ဖက်က ခုခံကာကွယ်မဲ့ အနေအထားတော့ ရှိတယ်” ဟု ဦးရွှေမျိုးသန့်ကဆိုသည်။

၂၀၁၂ခုနှစ်က KNPPနှင့် အစိုးရတို့အကြား ပြည်နယ်အဆင့် ပဏာမပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အရ နှစ်ဘက်ထိမ်းချုပ်မှုနေရာဒေသသို့ လက်နက်အပြည့်အစုံနှင့်သွားလာရာတွင် (၃)ရက်ကြိုတင်သတင်းပေးပို့ရမည်ဖြစ်သည်။

လက်ရှိအစိုးရတပ်များလုပ်ရှားနေသည့်အချိန်သည် ၁၃ကြိမ်မြောက် KNPP ကွန်ကရက်အပြီး ပထမဆုံးအကြိမ် ဗဟိုကော်မီတီအစည်းအဝေးကျင်းပနေချိန်လည်းဖြစ်သည်။

၂၁ ပင်လုံ တက်ရေး ကတိကဝတ်စာချုပ် လက်မှတ်ထိုးရန် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ရဲ့ ဆိုပြုချက်ကို KNPP က ငြင်းဆို လိုက်ပြီးနောက်မှာ အစိုးရ စစ်တပ်ဖက်က ခုလိုလှုပ်ရှားမှု တွေကိုတွေ့လာရခြင်းဖြစ်သည်။

၂၁ ပင်လုံကို အထူးဖိတ်ကြားသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားပါကလည်း တက်ရောက်မည်မဟုတ်ကြောင်း KNPP ရဲ့ ပါတီ ဗဟိုကော်မတီအစည်းဝေးမှာ ဆုံးဖြတ်ထားတယ်လို့လည်းသိရပါတယ်။

မေလ ၁၈ရက်နေ့ KNPPဗဟိုကော်မီတီအစည်းအဝေး ထုတ်ပြန်ကြေညာချက်အရ KNPP၏ ရှေ့ဆက်နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ညီညွတ်သောတိုင်းရင်းသား ဖက်ဒရယ်များကောင်စီ (UNFC) အဆုံးအဖြတ်အောက်တွင် သွားမည်ဟုဆိုထားသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...