မြိတ်မြို့တွင် လက်နက် ၉ လက်၊ ၈၂ မမစိန်ပြောင်းနှင့်အတူ မွန်ပြည်နယ်သား ၃ ဦး ဖမ်းဆီးရမိ

မြိတ်မြို့တွင် လက်နက် ၉ လက်၊ ၈၂ မမစိန်ပြောင်းနှင့်အတူ မွန်ပြည်နယ်သား ၃ ဦး ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ရော်ဘာခြံတစ်ခုအတွင်း လက်နက် ၉ လက်၊ ၈၂ မမစိန်ပြောင်းတစ်လက်နှင့်အတူ မသင်္ကာဖွယ် မွန်ပြည်နယ်သား ၃ ဦးတို့ကို ဇွန်လ ၂၃ ရက် ညပိုင်းအချိန်တွင် နစကလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ငါးဖမ်းလှေများတွင် အသုံးပြုသည့် ဝါးလတ်ပုံးဖြင့် ထည့်မြှုပ်ထားသည့် AK-47 သေနတ် (၆) လက်၊ M-16 သေနတ် (၂) လက်၊ ၄၀ မမနှင့်တွဲထားသည့် M-16 သေနတ် (၁) လက်၊ ၈၂ မီလီမီတာ စိန်ပြောင်းတစ်လက်နှင့် ဆက်စပ်ပစ္စည်းကျည်အိမ်မျိုးစုံ (၄၃) ခုတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဆက်လက်ရှာဖွေစစ်ဆေးချက်အရ ရော်ဘာခြံရှင်၏ နေအိမ်သို့ရောက်ရှိနေသော သံသယဖြစ်ဖွယ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာ အလယ်ပိုင်းနေ ဦးအောင်မိုးထွေး အသက် (၄၇) နှစ်၊ ဦးနိုင်အောင် အသက် (၄၃) နှစ်၊ ရိုးဂိုးရွာဟောင်း ကျခတ်ချောင်းနေ ဦးစိုးသန်း (၅၈) နှစ်၊ ရော်ဘာခြံပိုင်ရှင် ဒေါ်အင်အင်စိုးနှင့် ခြံစောင့် သန်းထွန်းဦး (၄၃) နှစ်တို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မြိတ်မြို့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် ရွှေဒူးကျေးရွာအုပ်စု မယင်းငယ်ဖျားကျေးရွာရှိ ရော်ဘာခြံတစ်ခုသို့ သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ တောင်ကြောပေါ်တစ်နေရာ၌ ဝါးလတ်ပုံးများဖြင့် မြှုပ်ထားသည့် အဆိုပါလက်နက်မျိုးစုံနှင့် ဆက်စပ်ပစ္စည်းကျည်အိမ်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

သီးခြားအတည်မပြုနိုင်သော သတင်းတစ်ခုအဆိုအရ ရော်ဘာခြံပိုင်ရှင် ဒေါ်အင်အင်စိုးဆိုသူမှာ မြိတ်ဒေသတွင် ယခင်က လက်နက်ချအလင်းဝင်ခဲ့သည့် မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်ကြောင်း၊ လတ်တလောတွင် အဆိုပါ မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...