မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသူ ၂၀ ဦးထံမှ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိ

မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းသူ ၂၀ ဦးထံမှ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိ

မော်လမြိုင်တက္ကသိုလ်၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ (၂၀) ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း ဇွန်လ ၂၃ ရက်နေ့ စစ်ဆေးမှုအရ မော်လမြိုင်တက္ကသိုလ်သတင်းဌာနက ဖော်ပြထားသည်။

အင်ကြင်းဆောင်အတွင်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ ၂၅ ဦးအနက် ၂၀ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၉ ရက်နေ့ကလည်း ကျောင်းသူ ၁၈ ဦးထံမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သဖြင့် လက်တလော မော်လမြိုင်တက္ကသိုလ်အတွင်း ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း ၄၀ ဦးခန့်ရှိပြီဖြစ်သည်။

တက္ကသိုလ်ကျောင်းဆရာတစ်ဦးက “အင်ကြင်းဆောင်မှာ အရင်ကမစစ်ရတဲ့သူတွေကို စစ်တယ်၊ ပြီးတော့ အရင်က Negative ထွက်ထားတဲ့သူတွေကိုလဲ ထပ်ပြီးပြန်စစ်တော့ အယောက် ၂၀ Positive ဖြစ်သွားတယ်” ဟု ဆိုသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သည့် ကျောင်းသူ ၂၀ ဦးကို စာမေးပွဲဖြေဆိုမှု ရပ်ဆိုင်းထား၍ ထားဝယ်ဆောင်တွင် Quarantine ထားရှိထားသော်လည်း ကျန်ရှိနေသော ကျောင်းသူ/သားများအား စာမေးပွဲဆက်လက်ဖြေဆိုစေခဲ့သည်။

ထို့အတူ တက္ကသိုလ်အတွင်း အဆောင်နေကျောင်းသူများနှင့် ရုံးဝန်ထမ်းများ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုသည် စိုးရိမ်းဖွယ်အနေအထားအထိ မြင့်တက်လာပြီးဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂမှ ကြေညာချက်ထုတ်ပြန်ကြေညာခဲ့သည်။

ရောဂါကူးစက်မှု မြင့်တက်လာနေသည်ကို တာဝန်ရှိပုဂ္ဂိုလ်များက သတင်းအမှောင်ချထားခြင်းနှင့် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များသည် ရောဂါကူးစက်မှုကို မသိကျိုးကျွန်ပြုကာ ကျောင်းပိတ်ခြင်း စာမေးပွဲနောက်ဆုတ်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအခါ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်း အရှိန်မြင့်လာသည့်အတွက် မွန်ပြည်နယ်သို့ ဝင်ရောက်လာပါက စစ်တောင်းတံတားဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာ၍ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး၊ Stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ဝင်ရောက်လာလျှင် Quarantine (၁၀) ရက်ဝင်ရမည်ဟု အာဏာပိုင်များက သတ်မှတ်ထားသည်။

မော်လမြိုင်ဆေးရုံကြီးတွင် လက်ရှိကုသလျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဦးနီးပါးရှိသည့်အနက် ၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...