တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက ဖမ်းဆီးတော့မည်ဟု ယူဆပြောဆို

တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက ဖမ်းဆီးတော့မည်ဟု ယူဆပြောဆို

တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များ သွားလာမှုမရှိစေရေးကိစ္စနှင့်ဆက်စပ်၍ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ချောင်းဆုံမြို့နယ် သံဃာနာယကအဖွဲ့ထံ အကြောင်းကြားစာတစ်စောင် လူမှုကွန်ယက်ပေါ် ပြန့်နှံ့ထွက်ပေါ်လာပြီးနောက် လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက မကြာမီဖမ်းဆီးလာနိုင်ကြောင်း မော်လမြိုင်မြို့ ကားအရောင်းအဝယ်လောကတွင် ယူဆပြောဆိုနေကြသည်။

“Without တွေက မစီးတာက အကောင်းဆုံးပေါ့ဗျာ ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ လိုင်စင်နဲ့စီးတာတောင် ခပ်ကြောက်ကြောက်စီးနေရတာ Without ဆိုရင်တော့ ပိုပြီးတော့ မစီးသင့်ဘူး၊ ဖြစ်လာလို့ရှိရင် ကိုယ်ပဲခံရမှာဆိုတော့၊ ဒီ ၆ လပိုင်း ၇ လပိုင်းမှာ အရမ်းသတိထားရမယ့် အချိန်တွေပဲလို့ ကျွန်တော်ထင်တယ်” ဟု မော်လမြိုင်မြို့မှ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူ ဦးကိုအောင်က ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် လိုင်းစင်မဲ့မော်တော်ယာဉ်များ ထားရှိမှုမရှိစေရေးနှင့် ရဟန်းသာမဏေများအနေဖြင့်လည်း တရားမဝင်လိုင်စဉ်မဲ့ မော်တော်ယာဉ်များ မောင်းနှင်မှုမရှိစေရေးတို့အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့မှတဆင့် ကြပ်မတ်ဆောင်ရွက်ပေးသွားရန် ဇွန်လ ၂၁ ရက်နေ့ရက်စွဲဖြင့် အကြောင်းကြားထားသည်။

မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေမှူး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂီတိုးက “အန်တီတို့ က.ည.နအနေနဲ့က မွန်ပြည်နယ်တစ်ခုလုံးကို ပြည်နယ်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ ပြစ်မှုအရ ဖမ်းတာတွေလည်းရှိတယ် လိုင်စင်မဲ့ဖမ်းတာတွေလည်းရှိတယ် ဖမ်းတာတွေကို စလုပ်နေတာတော့ကြာပြီး နောက်လည်း ဆက်လုပ်သွားဖို့ရှိတယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၂၀၁ စီးနှင့် ၂၀၁၉ ခုနှစ်တွင် ၂၈၅ စီး ဖမ်းဆီးရမိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...