ကုလားဂုတ်ကျွန်း လေယာဉ်ကွင်းတည်ဆောက်ရေး သိမ်းဆည်ခံလယ်ယာခြံမြေများ လျော်ကြေးငွေမရရှိသေးဟုဆို

ကုလားဂုတ်ကျွန်း လေယာဉ်ကွင်းတည်ဆောက်ရေး သိမ်းဆည်ခံလယ်ယာခြံမြေများ လျော်ကြေးငွေမရရှိသေးဟုဆို

မောရဝတီရေတပ်စခန်းက တည်ဆောက်လျက်ရှိသည့် ရေးမြို့နယ် ကုလားဂုတ်ကျွန်း လေယာဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းအတွက် သိမ်းဆည်းခံလယ်ယာခြံမြေများ လျော်ကြေးငွေမရရှိသေးကြောင်း နစ်နာသူဒေသခံများက ဆိုသည်။

ကုလားဂုတ်ကျွန်း အပေါ်ဆိပ်ဆရာတော်က “ရေတပ်တာဝန်ရှိသူတွေလာပြီးတော့ ပြောသွားပါတယ်၊ ရွာကဆုံးရှုံးသွားတဲ့ ပိုင်ရှင်တွေနဲ့ ညှိနှိုင်းမှာပေါ့နော်၊ သူတို့ပြောတာတော့ သူတို့လျော်ကြေးပေးမယ် အာမခံတယ်တဲ့၊ သူတို့ စီစဉ်ပေးမယ်လို့ပြောတယ်၊ ဒါပေမယ့် ဒီနှစ်ဘတ်ဂျက်မှာ မပါခဲ့သေးဘူးလို့ပြောတယ်၊ ဘယ်အချိန်ပေးဖြစ်မလဲတော့ မသိရပါဘူး” ဟု မိန့်ကြားသည်။

အဆိုပါ လေယာဉ်ကွင်းတည်ဆောက်ရာတွင် ဒေသခံတို့၏ လယ်ယာမြေ၊ ခြံမြေဧက ၃၀၀ နီးပါး သိမ်းဆည်းခံရလိုက်ရကြောင်း၊ လျော်ကြေးငွေအဖြစ် လယ်ယာမြေ တစ်ဧက ငွေကျပ်သိန်း ၅၀၊ ဥယျာဉ်ခြံမြေ တစ်ဧက ကျပ်သိန်း ၈၀ သတ်မှတ်ထားကြောင်း ပြီးခဲ့သည့်လအတွင်းက ရေတပ်အရာရှိတစ်ဦး လာရောက်ရှင်းလင်းပြောကြားခဲ့သည်ဟု နစကစစ်ကောင်စီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ဥယာဉ်ခြံမြေဆုံးရှုံးခဲ့ရသူတစ်ဦးက “ဒီခြံအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းနေရတယ်၊ ခြံမြေပါသွားတော့ အများကြီးနစ်နာတယ် အခက်အခဲ အများကြီးဖြစ်သွားတာပေါ့နော်၊ ကျနော်တို့ခြံမြေရဲ့ ထိုက်သင့်တဲ့တန်ဖိုး ရချင်တာပေါ့နော်၊ ဒါမှ တခြားလုပ်ငန်းတွေ ကျနော်တို့ ပြောင်းလုပ်လို့ရမှာ” ဟု ဆိုသည်။

အဆိုပါ လေယာဉ်ကွင်းတည်ဆောက်ရေးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ကားလမ်းစတင်ဖောက်လုပ်ခဲ့၍ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ရပ်နားခဲ့ရာမှ ယခုအခါ ပြန်လည်အကောင်အထည်ဖော်လာခြင်းဖြစ်သည်။

လက်ရှိ ကုလားကုတ်ကျွန်းကျေးရွာအုပ်စုတွင် အောက်ဆိပ်၊ အလယ်ဆိပ်၊ အပေါ်ဆိပ်နှင့် ပသျှူးချောင်းကျေးရွာတို့တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စုစုပေါင်းအိမ်ခြေပေါင်း (၁၀၀၀) ကျော်၊ လူဦးရေ (၄၀၀၀) ကျော် နေထိုင်လျက်ရှိပြီး ရေလုပ်ငန်းနှင့် လယ်ယာခြံမြေ စိုက်ပျိုးခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာအရ ကုလားဂုတ်ကျွန်းတစ်ခုလုံး မြေ ၃၅၂၅ ဧကကို မောရဝတီရေတပ်စခန်းတပ်ပိုင်မြေအဖြစ် အစိုးရရုံးလုပ်ထုံးလုပ်နည်းများဖြင့် သိမ်းယူခဲ့ပြီး လိုအပ်ချက်ရှိသောအခါ ဒေသန္တရဈေးနှုန်းဖြင့် လျော်ကြေးငွေပေးချေ၍ ဖယ်ရှားမည်ဟု ၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရှင်းလင်းပြောဆိုထားသည်။

ကုလားကုတ်ကျွန်းသည် ရေးမြို့နယ်၊ ဘင်္ဂလားပင်လယ်အော်အတွင်း နှစ်ကရင်နှင့် ကော့ဒွတ်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တောင်နှင့်မြောက် အလျား ၉ မိုင်ခန့်၊ အကျယ် ၅ ဖာလုံခန့်ရှိသည့် ကျွန်းပြတ်တခုဖြစ်သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...